Thursday, June 5, 2008

ဗုဒၵ(အႏႈိင္းမဲ့ သိျမင္ေတာ္မူေသာ)


ကၽြန္ေတာ္ ဒီေန ့ေတာ့ ကၽြန္ေတာ္တုိ ့ဗုဒၵဘာသာလူမ်ိဳးတုိင္း သိသင့္တဲ့ အခ်က္ေလးေတြ
ကုိ ေရးလုိက္ပါတယ္ ကၽြန္ေတာ္ေတြ ့ေနရတယ္ဗ် ကၽြန္ေတာ္တုိ ့ ဗုဒၵဘာသာလူမ်ဳိးေတြမွာ
အေဖနဲ ့အေမက ဗုဒၵဘာသာမို ့ သားသမီးေတြက ေအာ္တုိ မိရုိးဖလာဗုဒၵဘာသာ၀င္ေတြ
ျဖစ္သြားၾကတာ ဒုနဲ ့ေဒးပါ။ ဗုဒၵဘာသာရဲ့ ေကာင္းက်ဳးိေတြကုိ သူတုိ ့ေတြ ေရေရလည္လည္
မသိၾကပါဘူး အရမ္း၀မ္းနည္းစရာေကာင္းပါတယ္ တစ္ကယ္လုိ ့သာ အျခားဘာသာ၀င္တစ္
ေယာက္ကမ်ား ကုိယ့္ကုိ ဗုဒၵဘာသာအေၾကာင္းရွင္းျပပါလားလုိ ့ ေမးလာရင္ေတာင္မွ မေျဖ
ႏုိင္ရင္ ကၽြန္ေတာ္တုိ ့ ဗုဒၵဘာသာ၀င္ေတြကုိ တလဲြကုိးကြယ္တယ္လုိ ့ ထင္သြားႏုိင္ပါတယ္
ဒါေၾကာင့္ ကၽြန္ေတာ္တုိ ့ေတြ ဗုဒၵဘာသာကုိ ႏႈိက္ႏႈိက္ခ်ြတ္ခြ်တ္ေလ့လာသင့္ပါတယ္
ဒါဟာ ေကာင္းတဲ့အေလ့အထတစ္ခုပါ အလႈေတြထဲမွာ တရားအလႈဟာ ကုသုိလ္အရဆုံးပါဘဲ
ဒီလုိမ်ဳိး တရားအလႈကုိ လႈရေအာင္လည္း ကုိယ္ကုိးကြယ္တဲ့ ဘာသာအေၾကာင္းကုိ ခေရေစ့
တြင္းက် သိေနဖုိ ့လုိပါလိမ့္မယ္ ကၽြန္ေတာ္အခုေရးသားထားတာေတြဟာ God Question
Good Answer အဂၤလိပ္စာအုပ္ကေန တစ္ဆင့္ေကာင္းတာေလးေတြကုိ ေဖာ္ျပထားျခင္းပါ

ဗုဒၵဘာသာဆုိတာ ဘာလဲ


ဗုဒၵဘာသာ ဆုိတဲ့ စကားလုံးဟာ (ကိေလသာ တည္းဟူေသာ အိပ္ေပ်ာ္ျခင္းမွ) ႏုိးလာသူ
လုိ ့အဓိပါယ္ရပါတယ္ ေဂါတမႏြယ္ဖြား သိဒၵတ မင္းသားကေန ဘုရားျဖစ္လာေတာ့ သက္
ေတာ္ ၃၅ ႏွစ္ရွိေနပါျပီ ဗုဒၵရွင္ေတာ္ျမတ္ဟာ အိပ္ေပ်ာ္ျခင္းမွ ႏုိးလာျပီး ဘုရားအျဖစ္ကိုေရာက္
ရွိခဲ့ပါတယ္ အခုဆုိရင္ ဗုဒၵဘာသာဟာ ႏွစ္ေပါင္း ၂၅၀၀ ေက်ာင္ ၾကာျမင့္ခဲ့ျပီး ဗုဒၵဘာသာ၀င္
ေပါင္း သန္းသုံးေက်ာ္ ရွိေနပါျပီ ဗုဒၵဘာသာကုိ အေတြးအျမင္ပညာလုိ ့ေျပာၾကပါတယ္
ဗုဒၵဘာသာဟာ ျမင့္ျမတ္ေသာအေတြးအျမင္ ပညာျဖစ္ပါတယ္ ဗုဒၵဘာသာတရားက သဘာ
၀တရားကုိ ၾကည္လင္ျပတ္သားစြာ ကၽြႏုပ္တုိ ့နားလည္ႏုိင္ေရးအတြက္ အျပည့္စုံဆုံး
ညဏ္ပညာ အရည္အေသြး တုိးတက္ေအာင္ၾကိဳးစားဖုိ ့သင္ေပးပါတယ္ ျပီးေတာ့သတၱ၀ါ
အားလုံးရဲ့ မိတ္ေဆြသဖြယ္ ျဖစ္နုိင္ေစရန္ ေမတၱာကရုဏာတရား တုိးပြားေအာင္ သင္ေပး
ျခင္းျဖစ္ပါတယ္ ဗုဒၵဘုရားက ခရစ္ေတာ္မေပၚမီ ၅၆၃ ခုႏွစ္မွာ အိႏၵိယျပည္ ေျမာက္ပုိင္း
(ကပိလ၀တ္ျပည္) ဘုရင္သုေဒၵါနႏွင့္ မိဘုရား မယ္ေတာ္မာယာ တုိ ့မွဖြားျမင္ပါတယ္
သိဒၵတၳမင္းသားေလးဟာ စည္းစိမ္ဥစာ ျပည့္ျပည့္စုံစံုနဲ ့ ၾကီးျပင္းလာရေသာ္လည္း ေနာက္ဆုံး
မွာ အဲဒါေတြဟာ ခ်မ္းသာေပ်ာ္ရႊင္မႈကုိ မေပးနုိင္ဘူးဆုိတာ ေတြ ့လာရပါတယ္ မင္းသားဟာ
သူ ့ပတ္၀န္းက်င္မွာ ေတြ ့ျမင္ရတဲ့ ဆင္းရဲဒုကၡေတြေၾကာင့္ အၾကီးအက်ယ္ စိတ္မခ်မ္းမသာ
ျဖစ္ျပီး လူသားတုိ ့ခ်မ္းသာေရးအတြက္ ေသာ့ခ်က္ကုိရွာေဖြမယ္လုိ ့ဆုံးျဖတ္လုိက္ပါတယ္
အသက္ ၂၉ ႏွစ္အရြယ္မွာ ေတာထြက္ခဲ့ျပီး သူ ့ရဲ့ၾကင္ယာေတာ္ ယေသာ္ဓရာ ႏွင့္ သားေတာ္
ရာဟုလာတုိ ့ကုိ သံေယာဇဥ္ ျဖတ္ခဲ့ရပါတယ္ မင္းသားဟာ ဥရုေ၀လေတာထဲမွာ ေျခာက္ႏွစ္
တုိ္င္ေအာင္ ေလ့လာပြားမ်ားျပီး အ၀ိဇၹာကုိ ပယ္ခြာနုိင္တဲ့အတြက္ အမွန္တရားကုိ ထုိးထြင္းသိ
ျမင္သြားပါတယ္ အဲဒီအခ်ိန္ကစျပီး ကိေလသာျခင္းဟူေသာအိပ္ေပ်ာ္ျခင္းမွ နုိးလာသူ ဗုဒၵ ဟု
ေခၚေ၀ၚခဲ့ၾကပါတယ္ ဗုဒၵဘုရားဟာ အဲဒီအခ်ိန္ကစျပီး အိႏၵိယျပည္ ေျမာက္ပုိင္းမွာ သူေတြ ့
သိထားတဲ့ တရားေတာ္မ်ားကုိ လွည့္လည္ေဟာေျပာခဲ့ပါတယ္ သက္ေတာ္ ရွစ္ဆယ္ျပည့္
ေတာ္မူတဲ့အခါ သဘာ၀အေလ်ာက္အုိျခင္းတရား နာျခင္းတရား ဖိစီးႏွိပ္စက္ ခံရေသာ္လည္း
ခ်မ္းေျမ့ ေအးျငိမ္းလ်က္ပင္ ေနာက္ဆုံးမွာ ပရိနိဗာန္၀င္ စံေတာ္မူခဲ့ပါတယ္
ဗုဒၵဘုရားဟာ သူ ့ရဲ့ၾကင္ယာေတာ္နဲ ့သားေတာ္ကုိ ပစ္ထားခဲ့လုိ ့တာ၀န္မဲ့ရာမေရာက္ပါဘူး
ဗုဒၵဘုရားဟာ သူ့ ့ရဲ့ၾကင္ယာေတာ္နဲ ့သားေတာ္ကုိ လြယ္လြယ္နဲ ့ပစ္ခဲ့တာမဟုတ္ပါဘူး
တြန္ ့ဆုတ္ တြန္ ့ဆုတ္ျဖစ္ေနပါေသးတယ္ ေနာက္ဆုံးမွာ သူ ့မိသားစုကုိ ျပဳစုေစာင္ ့ေရွာက္
တာထက္ တစ္ေလာကလုံးကုိ ျပဳစုေစာင့္ေရွာက္တာဟာ ပုိျပီး အက်ဳိးၾကီးမားတယ္လုိ ့ဆုံးျဖတ္
ျပီး ဒီလမ္းကုိ ေရြးခ်ယ္လုိက္တာပါ ဗုဒၵျမတ္စြာဘုရားရွင္ရဲ့ ကုိယ္က်ဳိးစြန္ ့ျပီး အဆင္းရဲအပင္
ပန္းခံခဲ့မႈေၾကာင့္ တစ္ေလာကလုံး ၾကီးမားတဲ့အက်ိဳးကုိ အခုတုိင္ခံစားေနၾကရတာ ျဖစ္ပါတယ္
ဒါဟာ အၾကီးမားဆုံးေသာ စြန္ ့လႊတ္မႈၾကီးပါဘဲ
ဗုဒၵဘုရားဟာ ထာ၀ရဘုရားမဟုတ္ပါဘူး ဘုရားရဲ့သားေတာ္လည္း မဟုတ္ပါဘူး
ထာ၀ရဘုရားက လႊတ္လုိက္တဲ့ တမန္ေတာ္လည္းမဟုတ္ပါဘူး ဗုဒၵဘုရားဟာ အားလုံး
ျပည့္စုံတဲ့ လူသားတစ္ဦးပါပဲ ဒါ့ေၾကာင့္ကၽြႏု္ပ္တုိ ့လည္း ၾကဳိးစားရင္ သူ ့လုိဘဲ အလုံးစုံ
ျပည့္စုံသူမ်ား ျဖစ္နုိင္ပါတယ္ လုိ ့ မိန္ ့ၾကားေတာ္မူခဲ့ပါတယ္
တင္ပ်ည္ေခြထုိင္ျပီး ရင္ခြင္ထက္မွာလက္ႏွစ္ဘက္ကုိ ရြရြကေလးခ်ထားတဲ့ ဗုဒၵရုပ္ပြားေတာ္ရဲ့
မဟာကရုဏာေတာ္ျဖင့္ ၾကည္လင္ လန္းဆန္းေနတဲ့ မ်က္ႏွာေတာ္ဟာ ကၽြႏု္ပ္တုိ ့ရဲ့ သႏၱန္မွာ
ျငိမ္းေအးမႈနဲ ့ ေမတၱာတရားကုိ တုိးပြားေအာင္ ၾကဳိးစားၾကဖုိ ့ကၽြႏု္ပ္တို ့ကုိ သတိေပးေနျခင္းျဖစ္
ပါတယ္ အေၾကာင္းသက္သက္ရုပ္ထုကုိ ကုိးကြယ္ေနၾကခ်င္းမဟုတ္ပါ ဆီမီးကေတာ့ ပညာ
ဆီမီးတန္ေဆာင္ ထြန္းေျပာင္ေနဖုိ ့အတိေပးေနပါတယ္ အေမႊးတုိင္ရဲ့ သႏၱာန္မွာ ျငိမ္းေအးမႈနဲ ့
ေကာင္းမႈကုသုိလ္ေတြ ပ်ံ ့နွု ံ့ေစဖုိ ့သတိေပးေနပါတယ္ ကပ္လႈထားတဲ့ ပန္းမ်ားရဲ့ ညွိဳးႏြမ္းေၾကြ
က်သြားတဲ့သေဘာကေတာ့ ကၽြန္ေတာ္တုိ ့အားလုံးအနိစၥ တရားကုိ သတိရေစပါတယ္
ဒါဟာကၽြန္ေတာ္တုိ ့ဗုဒၵဘာသာေတြရဲ့ ကုိးကြယ္မႈပါ ကိေလသာေရာဂါ အဖိစီး ႏွိပ္စက္ခံေနရ
သူသည္ ျမတ္စြာဘုရား၏ တရားေတာ္မ်ားရွိလ်က္ႏွင့္ တရားေဆးျဖင့္ မကုလွ်င္ ျမတ္စြာဘုရား
၏ အျပစ္မဟုတ္ပါဘူး အခုဆုိရင္ဗုဒၵဘာသာေတြဟာ အမ်ဳးိမ်ဳိးကြဲျပားေနၾကပါတယ္ ဒါေပမဲ့
အားလုံးရဲ့ အႏွစ္သာရကေတာ့ ကိေလသာမွ လြက္ေျမာက္ျခင္းဆုိတဲ့ အနွစ္သာရပါဘဲ
ကၽြန္ေတာ္တုိ ့ဟာ ဒုကၡသစၥာ သမုဒယ သစၥာ နိေရာဓသစၥာ မဂၢသစၥာ ေတြကုိ ေလးေလး
နက္နက္သိဖုိ ့ လုိပါတယ္ ဒီေနရာမွာ ဗုဒၵျမတ္စြာ အျမဲတေစ ဆုံးမခဲ့တဲ့ အဆုံးအမက
ကၽြႏ္ုပ္တုိ ့ဟာ ဘယ္အရာကုိမဆုိ အရမ္းယုံ အကန္းယုံ မယုံမိၾကေစဖုိ ့ ေမးျမန္းစုံစမ္း
စစ္ေဆး စမ္းသပ္ျပီးမွ ကုိယ္တုိင္ေတြ ့သိခံစားရတဲ့ အရာေပၚမွာ အေျခခံျပီးမွ ယံုၾကဖုိ့ပါဘဲ

ရွင္ေတာ္ျမတ္ဘုရား ဆုံးမပုံက___



  • ဗ်ာဒိတ္စကား ဆုိရုံနဲ ့မယုံၾကည္ပါႏွင့္။
  • အစဥ္အဆက္ ယုံၾကည္လက္ခံလာတာ ျဖစ္ယုံႏွုင့္ မယုံၾကည္ပါႏွင့္။
  • သတင္းၾကားနဲ ့လဲ မယုံၾကည္ပါႏွင့္။
  • ျမင့္ျမတ္တဲ့ က်မ္းစာမ်ားမွာ ပါရုံနဲ ့လဲ မယုံၾကည္ပါႏွင့္။
  • တဆင့္ စကားၾကားယုံမွ်ႏွင့္လည္း မယုံၾကည္ပါနွင္ ့။
  • စဥ္းစားေတြးေခၚေရး ဒႆနိကေဗဒေတြနဲ ့ကုိက္ညီရုံမွ်ႏွင့္လဲ မယုံၾကည္ပါႏွင့္။
  • ေျပာတဲ့လူက ယုံၾကည္ထုိ္က္တဲ့ ပုဂၢဳိလ္ျဖစ္ယုံမွ်နွင့္လဲ မယုံၾကည္ပါႏွင့္
  • မိမိဆရာ ျဖစ္ယုံႏွင့္လဲ မယုံၾကည္ပါႏွင့္
  • သင္ကုိယ္တုိင္ ေကာင္းတဲ့အရာဘဲ အျပစ္ကင္းတဲ့အရာဘဲ ပညာရွိတုိ ့ ခ်ီးမြမ္းအပ္တဲ့
  • အရာဘဲ လက္ေတြ ့က်င့္ၾကည့္တဲ့ အခါမွာလဲ မုခ် ခ်မ္းသာေစနိုင္တဲ့ အရာပဲလု ့ိ
  • ကုိယ္ေတြ ့သိျမင္ရတဲ့ အခါက်မွပဲ အဲဒါကုိ ယုံၾကည္လက္ခံလုိက္နာ က်င့္ၾကံပါ။

လုိ ့ေဟာၾကားေတာ္မူခဲ့ပါတယ္...................

့ အထက္အေၾကာင္းအရာမ်ားကုိ အျပည့္အစုံသိခ်င္ၾကရင္ ဒီမွာ ေဒါင္းလုပ္ရယူပါရန္။


ဆုးံမစာမ်ား


  1. ၾကဳိတင္ေန ့ညဆင္ျခင္ၾက
  2. ငါလုိက္ျပီးရွာ ငါဘယ္မွာ
  3. ဧည့္သည္ငါတုိ ့ျပင္ဆင္စုိ ့

    ၾကဳိတင္ေန ့ည ဆင္ျခင္ၾက


    မအုိေသးခင္ အုိေဘးျမင္ ၾကဳိတင္ဆင္ျခင္ပါ
    ပ်ဳိသမွ်လည္း အုိရျမဲ မလြဲေနာက္ဆုးံပါ
    မနာေသးခင္ နာေဘးျမင္ ၾကဳိတင္ဆင္ျခင္ပါ
    မာသမွ်လည္း နာရျမဲ မလဲြေနာက္ဆုံးပါ
    မေသေသးခင္ ေသေဘးျမင္ ၾကဳိတင္ဆင္ျခင္ပါ
    ရွင္သမွ်လည္း ေသရျမဲ မလြဲေနာက္ဆုံးပါ
    မကြဲေသးခင္ ကြဲေဘးျမင္ ၾကဳိတင္ဆင္ျခင္ပါ
    တဲြသမ်ွလည္း ကြဲရျမဲ မလဲြေနာက္ဆုုံးပါ
    မခြဲေသးခင္ ခြဲေဘးျမင္ ၾကဳိတင္ဆင္ျခင္ပါ
    တဲြသမွ်လညး္ ခြဲရျမဲ မလဲြေနာက္ဆုးံပါ
    ကံအတုိင္းပင္ ျဖစ္ပ်က္အင္ ၾကဳိတင္ဆင္ျခင္ပါ
    ကံအတုိင္းဘဲ ျဖစ္ပ်က္ျမဲ မလဲြေနာက္ဆုံးပါ
    အဆုံးတရား ႏွလုံးထား ၾကဳိပြားဆင္ျခင္ပါ


    ငါလုိက္ျပီးရွာ ငါဘယ္မွာ


    ေလာကဇာတ္ခုံ သည္လူ ့ဘုံတြင္
    မ်ဳိးစုံကၾက မာန္မာနႏွင့္
    ငါကရာဇာ ငါဟာသူေဌး ငါပေဂးဟု
    ငါေသြးတက္ၾကြ လူဗာလတုိ ့
    မ်ားျပားလွစြာ အ၀ိဇၨာ ေၾကာင့္
    တဏွာဘီလူး အေမွာင့္ပူးေသာ္
    က်ဳးက်ဳးေက်ာ္ေက်ာ္ ဂုဏ္ကုိေဖာ္
    ေမာ္ေမာ္မာမာ ငါတစ္ေယာက္သာ
    မုိးေအာက္တစ္လႊား ထင္မွတ္မွားလဲြ
    သုိ ့စင္စြဲလည္း ဇာတ္ပြဲျပီးက
    ျပည္ဖုးံခ်ေသာ္
    သုဘရာဇာ ေျခေအာက္မွာပင္
    ဘာသာလူမ်ဳိး ခ်ိန္မထုိးဘဲ
    ပုပ္သုိးခႏၶာ ျမွပ္ရရွာသည္
    ဘယ္မွာငါဟု ရွိအံ့နည္း



    ဧည့္သည္ငါတုိ ့ျပင္ဆင္စုိ ့


    လာတုန္းကလည္း တစ္ေယာက္တည္း လက္တဲြေဖာ္မပါ
    ဥစၥာခ်ည္းႏွီး ကိုယ္ထီးတည္း ျပန္ျပီးသြားရမွာ
    ျပန္သြားေတာ့လည္း တစ္ေယာက္တည္း အျမဲသြားရမွာ
    ေတြ ့ၾကဳံဆုံရ တစ္ခဏ ဘ၀သံသရာ
    ၀န္းက်င္ခက္ႏြယ္ ေႏွာင္ၾကဳိးတြယ္ ျပံဳးရယ္မဲ့ ငုိကာ
    ဘ၀ရိပ္ျမဳံ ကၾကဳိးစုံ ကံကုန္မုိးခ်ဳပ္ကာ
    သုတ္သုတ္ေဆာလွ်င္ ခရီးႏွင္ တုို ့ပင္ဧည့္သည္ပါ
    မေသရခင္ ေနရစဥ္ ခ်စ္ခင္ၾကင္နာပါ
    မေသရခင္ သြားလမ္းစဥ္ ျပင္ဆင္ ဒါ သီ ဘာ
    ဧည့္ုသည္ငါတုိ ့ျပင္ဆင္လုိ ့ ျပဳစုိ ့ ဒါ သီ ဘာ

အလုပ္ဂုဏ္ရည္

ကၽြန္ေတာ္ ဒီေန ့မနက္မွာဗ်ာ သင္တန္းကုိအသြား BUSကားေပၚမွာ အရမ္းအိပ္ငုိက္လာတာနဲ ့ သင္တန္းကုိမသြားဘဲ သြားလည္းစာသင္လုိ ့ ရမွာမဟုတ္လုိ ့အင္းယားကန္ေဘာင္မွာ အခ်ိန္ျဖဳန္းေနလုိက္တယ္ Canteenမွာ ေခါက္ဆြဲသြားစားျပီး ကန္ေဘာင္ကခုံလြတ္တစ္လုံးမွာ ထုိင္ျပီး ေရာက္တက္ရာရာေတြကုိ ေငးေနမိတယ္ စိတ္လြတ္လက္လြတ္နဲ ့ ေနျပီး ဒီေန ့ပုိ ့စ္အသစ္ဘာေတြတင္ရရင္ေကာင္းမလဲ စဥ္းစားေနမိတယ္ဗ် အခုဆုိရင္ကၽြန္ေတာ့္မွာလည္း ဘေလာ့ခ္ေရာဂါျဖစ္ေနျပီ ကၽြန္ေတာ့္အတြက္ေတာ့ ၉၇ ပါးေျမာက္ေရာဂါဘဲ
ကၽြန္ေတာ္က အလုပ္ကေနဘဲ ဘေလာ့ခ္ကုိ ေရးရတာ ဟုတ္ကၽြန္ေတာ္အလုပ္လုပ္ေနတယ္ဗ် ေအာ္.. အလုပ္.....အလုပ္.... ဟုတ္တယ္ဗ်
ကၽြန္ေတာ္ တစ္ခါတစ္ေလ ခ်မ္းသာၾကြယ္၀တဲ့ လူေတြၾကည့္ျပီး အားက်သလုိလုိ မနာလုိမိသလုိ ျဖစ္မိတယ္ ဟုတ္တယ္ သူတုိ ့က ငယ္ကတည္းက ဘာအလုပ္ကုိမွ မလုပ္ရဘဲခ်မ္းသာလာၾကတာေလ ကၽြန္ေတာ္ဆုိရင္ ငယ္ငယ္တုန္းကေတာ့ မိဘရဲ့ေခ်ြးေတြနဲ ့ အသက္ရွင္ခဲ့ေပါ့ ၁၀တန္းေျဖျပီးေတာ့ ကၽြန္ေတာ့္ဘ၀ကုိကၽြန္ေတာ္ကုိယ္တုိင္ ဖန္တီးခဲ့ရတယ္ ကုိယ့္အားကုိယ္ကုိးခဲ့ရတယ္ ကၽြန္ေတာ့္မွာ အားလပ္ရက္ဆုိတာမရွိဘူး ခ်မ္းသာတဲ့သူေတြအတြက္ ဖန္တီးထားတဲ့ ရႈိးပြဲေတြ ေပ်ာ္ပြဲရႊင္ပြဲေတြ နုိက္ကလပ္ေတြ ကၽြန္ေတာ္နဲ ့ ေ၀းကြာပါတယ္ ကၽြန္ေတာ္၀ါသနာလည္းမပါဘူး ထားပါ ခ်မ္းသာၾကြယ္၀တဲ့လူေတြအတြက္ သူတုိ ့ဘ၀တစ္ေလ်ွာက္လုံး ရက္ရွည္အားလပ္ရက္ေတြ ၾကီးဘဲ ကၽြန္ေတာ္အတြက္ကေတာ့ ေန ့တုိင္းအလုပ္လုပ္ရတယ္ တစ္ရက္လုပ္မွ တစ္ရက္စားရတယ္ဆုိတာ ကၽြန္ေတာ့္အတြက္ ေသြးထြက္ေအာင္ကုိ မွန္တယ္ဗ်ာ မိတ္ေဆြတုိ ့ေရာ ဘယ္လုိလဲဗ်
ကၽြန္ေတာ္တုိ ့ေတြ ေမြးလာကတည္းက အလုပ္ေတြလုပ္ခဲ့ရတယ္ဗ် ေက်ာင္းသားဘ၀လည္း စာေတြက်က္ရတယ္ ေက်ာင္းျပီးေတာ့လည္း
ဆုိင္ရာဆုိင္ရာ အလုပ္ေတြေပါ့ အလုပ္ဆုိတာလုပ္ကုိလုပ္ရမယ္ တစ္ခါတစ္ေလေရာက္ရင္ ကၽြန္ေတာ္အလုပ္လုပ္ေနရင္း ကုိယ့္ဘ၀ကုိယ္
ကုိယ္အားမရဘူးဗ် အလုပ္လုပ္ရတာကုိ ျငီးေငြ ့မိတယ္ ဒါေပမဲ့ကၽြန္ေတာ္အတြက္က ေတြးေနလုိ ့မရဘူး ေတြေ၀ေနလုိ ့မရဘူး ကုိယ္ေမွ်ာ္လင့္ထားတဲ့ အရာေတြကုိ မၾကိဳးစားဘဲကုိယ့္ဆီကုိ ဆုိက္ဆုိက္ျမဳီက္ျမဳိက္ေရာက္လာမွာ မဟုတ္ဘူးေလ
ၾကဳိးစားတဲ့လူအတြက္ ေအာင္ျမင္မႈေတြက လက္ကမ္းၾကဳိဆုိေနလိမ့္မယ္ အက္ဒီဆင္သာ သူ ့ရဲ့တီထြင္မႈ အၾကိမ္ေပါင္း ၉၉၉၉ ၾကိမ္ကုိမတီထြင္ခဲ့ရင္ ကၽြန္ေတာ္တုိ ့အခု လွ်ပ္စစ္မီးဆုိတာကုိ အိမ္မက္ေတာင္မက္ရမွာမဟုတ္ဘူးဗ် ကၽြန္ေတာ္အလုပ္လုပ္ေနရလုိ ့
စိတ္ပ်က္အားငယ္မိလည္း ေတြေ၀ေနလုိ ့မွ မရတာ လုပ္စရာေတြရွိေသးတယ္ ဘ၀အတြက္ျပင္ဆင္ရဦးမယ္ ေနာက္ဘ၀အတြက္ ရိကၡာ
ေတြယူရဦးမယ္ဗ် မလႈလုိ ့မရွိ မရွိလုိ ့မလႈ ဆုိတာကုိ ကၽြန္ေတာ့္ေခါင္းထဲမွာ သံမႈံရုိက္ထားရတယ္ဗ်ာ အလုပ္ကုိမွန္မွန္လုပ္ေနရင္ ေကာင္းမြန္တဲ့ အမူအက်င့္ေတြကုိ ထိပ္ဆုံးေရာက္ေအာင္ တည္ေဆာက္ႏုိင္မွာပါ အလုပ္ကသင္ေပးမွာပါ ကၽြန္ေတာ္တုိ ့ေတြ အလုပ္ေတြကုိ အခ်ိန္မွန္မွန္နဲ ့ သတိ၀ီရိယ ရွိမႈေတြနဲ ့ ေစ့စပ္ေသခ်ာမႈေတြနဲ ့ ဇြဲလုံ ့လေတြနဲ ့ ေပါင္းစပ္ျပီး ေနာက္ဆုံးထြတ္သပ္အထိ
လုပ္ေနၾကရေအာင္ဗ်ာ

မွ်ေ၀လုိက္ၾကရေအာင္

ကၽြန္ေတာ္ဘေလာ့ခ္ဂါေတာ္ေတာ္မ်ားမ်ားကုိ ေတြ႕ရတာ အားရေက်နပ္ပါတယ္ ကၽြန္ေတာ္ဆရာလုပ္ခ်င္တာမဟုတ္ပါဘူး အျမင္ကုိဖလွယ္ခ်င္ယုံ
သက္သက္ပါ တစ္ကယ္ေတာ့ ဘေလာ့ခ္ဂါေတြ ဘာေတြကုိေရးေနၾကတာလဲ အေတာ္မ်ားမ်ားကုိ ၾကည့္လုိက္ရင္ ရႈပ္ပြေနပါတယ္ ႏုိင္ငံေရးေတြ
ေရာ ဘာသာေရးေတြေရာ ခံစားမႈေလးေတြေရာ နည္းပညာေတြေရာ စုံစိနဖာပါဘဲ ကၽြန္ေတာ္အဲဒါေတြထဲကမွ နည္းပညာေတြကုိဘဲ လုိက္ၾကည့္
ျဖစ္ပါတယ္ ေလ့လာတယ္ နည္းပညာကုိဘဲ တစ္စုိက္မတ္မတ္ေရးတဲ့ ဘေလာ့ခ္ဂါေတြနည္းေနတာကုိ ကၽြန္ေတာ္ေတြ ့ရပါတယ္ ကၽြန္ေတာ္ဘဲ
လင့္ခ္ေတြမသိလုိ ့လား ဒါမွမဟုတ္ တစ္ကယ္ဘဲနည္းေနတာလားဆုိတာ မသိပါဘူး ကၽြန္ေတာ့္အၾကဳိက္ ၾကည့္ျဖစ္တာက နည္းပညာ သက္သက္
ဘဲၾကည့္ျဖစ္တာက မ်ားပါတယ္ ကၽြန္ေတာ္တုိ ့ေတြ နည္းပညာေတြကုိဘဲ ေရးၾကရေအာင္လားဗ်ာ ဒါဆုိ ပညာေတြအလကားမျဖစ္ေတာ့ဘူးေပါ့
ကုိယ္သိထားတာေတြ ကုိယ္နားလည္ထားတာေတြကုိ ဘေလာ့ခ္ဖတ္တဲ့ လူေတြ သိသြားၾကရေအာင္ ပညာေတြလည္း ရသြားေအာင္ေပါ့ တစ္ကယ္
ျမင့္ျမတ္တဲ့ စိတ္ေလးေပါ့ဗ်ာ

Tuesday, June 3, 2008

ေတာင္ပုလု ဆရာေတာ္ၾကီး၏ ဆုံးမၾသ၀ါဒမ်ား

လူတုိ ့သည္ ေသခါနီးအခ်ိန္သုိ ့ေရာက္ေသာအခါ ေရာဂါေ၀ဒနာ ခံစားမႈ
ဆုတ္ယုတ္ေလ်ားပါးသြားျပီး စိတ္ႏွလုံးတြင္ ေရာဂါေ၀ဒနာခံစားမႈထက္ ေသ
ရမည့္ေဘးကုိေတြးကာ ေၾကာက္ရြံ႕သည့္စိတ္မ်ား ေပၚေပါက္လာတက္သည္
ထုိသုိ္ ့ေပၚေပါက္လာေသာအခါတြင္ ျမတ္စြာဘုရားသခင္ အနတၱလကၡဏသုတ္
၌ေဟာၾကားေတာ္မူသည့္အတုိင္း ငါ 'မဟုတ္ ငါ '၏ဥစၥာမဟုတ္ ငါ '၏ ကိုယ္မဟုတ္
ဟူ၍ ဟုတ္တုိင္းမွန္စြာ သိရွိျပီး ခပ္သိမ္းေသာ သခၤါရသေဘာတရားတုိ ့သည္
ျဖစ္ျပီးလွ်င္ မုခ်ဧကန္ အမွန္ပင္ ပ်က္စီးျခင္းသေဘာရွိသည္ဟု စိတ္ႏွလုံးသြင္း
သင့္သည္။


ေတာင္ပုလုဆရာေတာ္ဘုရားၾကီး အရွင္နႏၵိယ၏ ၾသ၀ါဒ

ကို တုိက္ရုိက္ကူးယူေဖၚျပျခင္းျဖစ္ပါသည္။ ။

ယုံၾကည္ကုိးကြယ္မႈ

ယုံၾကည္ကုိးကြယ္မႈတြင္ အခ်က္(၃) ခ်က္ပါ ပါတယ္
(၁)အားကုိးရာ စြမ္းအား
(၂)အားကုိးမည့္သူ
(၃)အားကုိးသူကုိ ဆက္သြယ္ျခင္း။အားကုိးရာရွာျခင္း
ကၽြန္ေတာ္တုိ ့ ကမၻာၾကီးတစ္ခုလုံးမွာ ကုိယ္ယုံၾကည္ရာ ကုိးကြယ္မႈေတြ
အသီးသီးရွိၾကပါတယ္ အခ်ဳ ိ ့က တည္ျမဲေသာ ေကာင္းကင္ဘုံကုိ ယံုပါတယ္
ထုိေကာင္းကင္ဘုံသည္ ဘယ္ေတာ့မွ မပ်က္စီး။ေကာင္းျခင္းခ်မ္းသာႏွင့္ျပည့္
၀ေသာေနရာ။ထုိလူတုိ ့သည္လည္း ငရဲကုိလညး္ ယုံၾကပါတယ္ ေကာင္းျခင္းမ်ား
ႏွင့္ျပည့္၀ေသာ ေကာင္းကင္ဘုံကုိလည္း ယုံၾကပါတယ္ ဘာသာၾကီးမ်ားရဲ့
ဦးတည္ခ်က္မ်ားကေတာ့ ေတာ္ေတာ္မ်ားမ်ားဟာ တူေနပါတယ္ ဗုဒၵဘာသာက
ေတာ့ ကြဲျပားပါတယ္ ဘာသာေတာ္ေတာ္မ်ားမ်ားနဲ ့ခံယူခ်က္ခ်င္း ကြဲလဲြပါတယ္
ဘာသာၾကီးမ်ားရဲ့ ဘုရားသခင္မ်ားရဲ့ အဆုိအရ ျဖစ္ပ်က္သမွ်ေတြဟာ ဘုရားသခင္ရဲ့
လက္ထဲမွာဘဲ ရွိေနပါတယ္ လူတုိ ့ကုိယ္က်င့္တရားေကာင္းမွ ဘုရားသခင္ဟာ ကမၻာ
ၾကီးကုိ ေစာင့္ထိမ္းမည္ျဖစ္ျပီး လူတုိ ့ကုိယ္က်င့္တရားပ်က္လာလွ်င္ ဘုရားသခင္ကုိယ္
တုိင္ ကမၻာၾကီးကုိ ဖ်က္ဆီးလိမ့္မည္ဟု ယံုၾကည္သည္ ဗုဒၵဘာသာတြင္မူ ထာသရ
ဘုရားသခင္ ရွိသည္မရွိသည္ ကမၻာၾကီး ဘယ္ကစသည္ဘယ္မွာပ်က္မည္ ဟုမေဟာ
ဗုဒၵ၏ အလုိအရ ထုိကိစၥမ်ားသည္ နိဗၺာန္ေရာက္ေၾကာင္းတရား မဟုတ္သျဖင့္ မေဟာေျပာ
ေျဖရွင္းျပျခင္းမလုပ္ခဲ့ေပ။ထုိျဖစ္ပ်က္သမွ်ကိစၥမ်ားကုိ ဗုဒၵသိထုိက္မည္ဟု ယုံၾကည္ရ၏။
ကုိယ္ပုိင္ယုံၾကည္မႈေတြအရ ကုိးကြယ္မႈေတြဟာ အားကုိးလြန္ျခင္းေတြ ျဖစ္သြားတက္ပါ
တယ္ ကိစၥတစ္ခုကုိ ဗုဒၵဘာသာမွာေတာ့ မိမိကုိယ္သာလ်ွင္ အားကုိးရမည္ဟု အတိအလင္း
ေဟာၾကားေတာ္မူခဲ့ပါတယ္ ျဖစ္ခ်င္ေသာ ဆႏၵမ်ားကုိ ဘုရားသခင္ကုိ အားကုိး၍မရ
ကုိယ္တုိင္မေလ်ွာ့ေသာဇြဲႏွင့္ ၾကဳိးစားလ်ွင္ ဘုရားပင္ျဖစ္နုိင္ေသးသည္..အဘယ္ေသာ္
ဘုရားသခင္သည္ပင္လ်ွင္ လူသားစစ္စစ္ျဖစ္ေသာေၾကာင့္ပင္တည္း ကုိးကြယ္မႈတြင္လည္း
ေၾကာက္ျခင္းနွင့္ အားကုိးရွာျခင္းတုိ ့တြင္ ဗုဒၵဘာသာတြင္မပါ ဗုဒၵဘာသာတြင္ သဒၵါရွိသည္
သီလ ရွိသည္ ဒါနရွိသည္ သမာဓိရွိသည္ အစစအရာရာကုိ ေ၀ဖန္ဆန္းစစ္နုိင္ေသာ ပညာ
ရွိသည္ ဘာသာအားလုံးကုိ ျခဳံငံု၍ သံုးသပ္ရလ်ွင္ ဗုဒၵဘာသာသည္သာမဇၩိမအက်ဆုံးဟု
ေတြ ့ရပါတယ္ ကာမဂုဏ္အာရုံကုိစြန္းကုိလည္းေကာင္း က်ပ္တည္းျပင္းထန္လြန္းေသာ
အက်င့္မ်ားကုိလညး္ေကာင္း က်င့္ၾကံရန္မေဟာခဲ့ပါဘူး ဗုဒၵဘုရားရွင္ကုိယ္ေတာ္ျမတ္ေသာ္
မွ မေလွ်ာ့မတင္း ျဖင့္စုိက္လုိက္မတ္တက္ အားထုတ္ခဲ့ေသာေၾကာင့္ အလုံးစုံကုိ သိျမင္ေတာ္
မူေသာ သဗၱညဳတ ေရႊဥာဏ္ေတာ္ကုိ ရရွိခဲ့ပါတယ္ ဗုဒၵဘုရားရွင္သည္ အလုံးစံုကို သုိ ့ေလာ
သုိ ့ေလာ မေတြးဘဲ အမွန္တရားကုိ က်င့္ၾကံအားထုတ္ေသာ စခန္းျဖင့္ပင္ တရားကုိရွာခဲ့ရာ
၃၅ ႏွစ္ျပည့္ေသာ ေန ့တြင္ တရားထူးတရားျမတ္ျဖစ္ေသာ သစၥာေလးပါးကုိ ရရွိေတာ္မူခဲ့ပါတယ္
ဗုဒၵဘုရားဟာ သူေတြ ့ျမင္ထားတဲ့ တရားေတာ္ေတြကုိ လွည့္
လည္ျပီး ေဟာေျပာခဲ့ပါတယ္ မိစၦာတၳိေတြကုိေတာ့ ဗုဒၵဘုရားဟာ အတင္းလုိက္ျပီး
ေဟာၾကားေတာ္မမူခဲ့ပါဘူး သူတုိ ့ဟာ အစြန္းေရာက္က်င့္ၾကံသူမ်ား ျဖစ္ၾကလုိ ့
ဗုဒၵေဟာေျပာမႈေတြကုိ လကၡံမႈရွိမွာမဟုတ္ပါဘူး ပုိျပီး အကုသုိလ္တုိးပြားလာရုံ
ဘဲရွိပါတယ္ ဒါေပမဲ့ ဘုရားသခင္ရဲ့ ေမတၱာေတြကုိ ေဒ၀ဒတ္ေသာ္မွ နားလည္မႈ
မရွိခဲ့ပါဘူး အဲ ဗုဒၵဘုရားရဲ့ သေဘာထားၾကီးျမတ္မႈေတြကုိ နားလည္ျပီး ကုိးကြယ္
မႈ ရွိလာေတာ့လည္း အခါေႏွာင္းသြားပါျပီ ေျမျမဳိေနတ့ဲ အခ်ိန္မွာေသာ္မွ ဘုရားသခင္
ကုိ အျပည့္အ၀ယုံၾကည္ကုိးကြယ္မႈျ့ဖင္ ့ကုိးကြယ္ခဲ့ေသာ ကုသုိလ္ေၾကာင့္ အ၀ီစိ
ငရဲက လြတ္တဲ့အခ်ိန္မွာ ပေစၥက ဗုဒၵါ ျဖစ္လိမ့္မယ္လုိ ့ဗ်ာဒိတ္ေပးေတာ္မူပါတယ္
ဗုဒၵဘုရားရွင္ဟာ ..........
သတၱ၀ါတုိ ့က်င္လည္ရာ
သံသရာတစ္ေလ်ာက္လံုးတြင္ နိဗၺါဏ္ဟူေသာ
ခရီးဆုံးကုိ မေရာက္ေသးခင္အထိ ဆင္းရဲစြာ
ခ်မ္းသာစြာျဖင့္ ခရီးဆက္ေနၾကရမွာပါ
နိဗၺါဏ္ကုိ မ်က္ေမွာက္ျပဳနုိင္မွသာ ဒီသံသရာ
ဆင္းရဲတြင္းၾကီးမွ လြတ္ေျမာက္မွာ ျဖစ္ပါတယ္
ယၡဳၾကဳံေတြ ့ေနရေသာ ဆင္းရဲျခင္းမ်ားသည္
ဆင္းရဲျခင္း အတုသာျဖစ္ပါတယ္ ကုိယ္ျပဳေသာကံ
ကုိ ထာ၀ရဘုရားမွ ကယ္တင္ႏုိင္ရန္ဆုိတာ မျဖစ္နုိင္ပါ
ဗုဒၵဘုရားရွင္သည္ လူသားအားလုံးကုိ တရားေတာ္မ်ား
ျဖင့္သာ ကယ္တင္ခဲ့ျခင္းျဖစ္ပါတယ္
လူသားမ်ား အားလုးံကုိ သစၥာေလးပါးကုိ သိျမင္ႏုိင္ရန္
ေဟာၾကားေတာ္မူခဲ့ပါတယ္ ……..
သစၥာေလးပါး ........
(၁)ဒုကၡသစၥာ
(၂)သမုဒယ သစၥာ
(၃)နိေရာဓသစၥာ
(၄) မဂၢသစၥာ
ကၽြန္ေတာ္တုိ ့ေတြဟာ အခုအခ်ိန္မွာ ေတြေ၀မေနဘဲ
တရားအားထုတ္ဖုိ ့အေကာင္းဆုံးအခ်ိန္ျဖစ္ပါတယ္
ဘုန္းၾကီးေက်ာင္းသြားျပီး တရားနာေနမွ မဟုတ္ပါဘူး
ဘယ္ေနရာမွာဘဲျဖစ္ျဖစ္ ဘယ္လုိပံုစံနဲ ့ဘဲျဖစ္ျဖစ္
တရားအားထုတ္နုိင္ပါတယ္ အဓိကက်သည္မွာ
ျမတ္စြာဘုရားသခင္၏ တရားေတာ္မ်ားကုိ ေလးေလးနက္နက္
ႏွင့္ ႏွလုံးသြင္းနုိင္ရန္သာ အေရးၾကီးတယ္လုိ ့ကၽြန္္ေတာ္ထင္မိ
ပါေၾကာင္း……..
ဘာပဲျဖစ္ျဖစ္ ေသရန္တစ္ရက္နီးလာတယ္ဆုိတာ…………….
္မွတ္ခ်က္။ ။အခ်ဳိ ့စာသားမ်ားသည္ ကၽြန္ေတာ္၏ ယူဆခ်က္မ်ားကုိ
ေဖာ္ျပထားသျဖင့္ စာဖတ္သူအေနျဖင့္ အေၾကာင္းအရာ
မ်ားကုိ စုံစံုလင္လင္သိရွိပါ လွ်င္ ကၽြန္ေတာ့္ကုိ ဆုံးမေပး
ေစခ်င္ပါသည္။
အခ်ိဳ ့စာသားမ်ားသည္ ဗုဒၵဘာသာ အေၾကာင္းစာအုပ္ထဲ
မွ ေဖာ္ျပခ်က္မ်ားျဖစ္ပါသည္။ ။
ေလးစားစြာျဖင့္........

ခါးပုိက္ႏႈိက္ခံရျခင္း

ကၽြန္ေတာ့္ကုိ ကၽြန္ေတာ္မိတ္ဆက္ေပးရရင္ ရီစရာေတာ့ေကာင္းလိမ့္မယ္ဗ် သိလား ဘာမွမဟုတ္တဲ့ ေကာင္လုိ ့ေတာ့မဟုတ္ပါဘူး ေက်ာင္းလည္းျပီးေအာင္မတက္ဘူး အခုလည္း အလုပ္လုပ္ေနရတယ္ တစ္ရက္တစ္ရက္...

မုိးလင္းကေနမုိးခ်ဳပ္ထိ အလုပ္ထဲမွာဘဲ ႏွစ္ေနရတာ အလုပ္ဆုိတာကလည္း လုပ္ေနမွေတာ္ကာက်တာ ဒီေန႔ဗ်ာ 3.6.08 ရက္ အလုပ္ကုိအသြား ခါးပုိက္ႏႈိက္ခံလုိက္ရလုိ ့ေတာ္ေတာ္ညစ္သြားတယ္...
ဟုတ္တယ္ဗ်ာ ၁ ရက္ေန ့ကမွ လခထုတ္ထားတာ ပုိက္ဆံေလး နည္းနည္းေလးကုိ ခါးပုိက္ႏႈိက္ခံလုိက္
ရတာ ေတာ္ေတာ္ေတာ့ ရီဖုိ ့ေကာင္းတယ္ သင္တန္းတက္မလုိ ့ပါ အဲဒါအခုေတာ့ မတက္ျဖစ္ေတာ့
ူဘူးေပါ့ဗ်ာ ကံေကာင္းတယ္ဗ် ကၽြန္ေတာ္ ေတာ္ေတာ္ကံေကာင္းတယ္ အခုလက္ရွိကုိ ဆရာတက္တုိး
ရဲ့ ေသာကေျဖေဖ်ာက္နည္းစာအုပ္ဖတ္ေနလု ိ ့ေပါ့ ႏုိ ့မုိ ့ဆုိရင္မလြယ္ဘူး မ်က္ရည္ေတြ ထန္းသီးလုံး
ေလာက္က်မိမယ္ထင္ပါရဲ့ အခုေတာ့ ေနသာထို္င္သာရွိပါတယ္ ဟဲဟဲ