Thursday, June 5, 2008
ဆုးံမစာများ
  1. ကြိုတင်နေ့ ညဆင်ခြင်ကြ
  2. ငါလိုက်ပြီးရှာ ငါဘယ်မှာ
  3. ဧည့်သည်ငါတို့ ပြင်ဆင်စို့ 
    ကြိုတင်နေ့ ည ဆင်ခြင်ကြ
    မအိုသေးခင် အိုဘေးမြင် ကြိုတင်ဆင်ခြင်ပါ
    ပျိုသမျှလည်း အိုရမြဲ မလွဲနောက်ဆုးံပါ
    မနာသေးခင် နာဘေးမြင် ကြိုတင်ဆင်ခြင်ပါ
    မာသမျှလည်း နာရမြဲ မလွဲနောက်ဆုံးပါ
    မသေသေးခင် သေဘေးမြင် ကြိုတင်ဆင်ခြင်ပါ
    ရှင်သမျှလည်း သေရမြဲ မလွဲနောက်ဆုံးပါ
    မကွဲသေးခင် ကွဲဘေးမြင် ကြိုတင်ဆင်ခြင်ပါ
    တွဲသမျှလည်း ကွဲရမြဲ မလွဲနောက်ဆုံးပါ
    မခွဲသေးခင် ခွဲဘေးမြင် ကြိုတင်ဆင်ခြင်ပါ
    တွဲသမျှလည်း ခွဲရမြဲ မလွဲနောက်ဆုးံပါ
    ကံအတိုင်းပင် ဖြစ်ပျက်အင် ကြိုတင်ဆင်ခြင်ပါ
    ကံအတိုင်းဘဲ ဖြစ်ပျက်မြဲ မလွဲနောက်ဆုံးပါ
    အဆုံးတရား နှလုံးထား ကြိုပွားဆင်ခြင်ပါ
    ငါလိုက်ပြီးရှာ ငါဘယ်မှာ
    လောကဇာတ်ခုံ သည်လူ့ ဘုံတွင်
    မျိုးစုံကကြ မာန်မာနနှင့်
    ငါကရာဇာ ငါဟာသူဌေး ငါပဂေးဟု
    ငါသွေးတက်ကြွ လူဗာလတို့ 
    များပြားလှစွာ အ၀ိဇ္ဇာ ကြောင့်
    တဏှာဘီလူး အမှောင့်ပူးသော်
    ကျုးကျုးကျော်ကျော် ဂုဏ်ကိုဖော်
    မော်မော်မာမာ ငါတစ်ယောက်သာ
    မိုးအောက်တစ်လွှား ထင်မှတ်မှားလွဲ
    သို့ စင်စွဲလည်း ဇာတ်ပွဲပြီးက
    ပြည်ဖုးံချသော်
    သုဘရာဇာ ခြေအောက်မှာပင်
    ဘာသာလူမျိုး ချိန်မထိုးဘဲ
    ပုပ်သိုးခန္ဓာ မြှပ်ရရှာသည်
    ဘယ်မှာငါဟု ရှိအံ့နည်း
    ဧည့်သည်ငါတို့ ပြင်ဆင်စို့ 
    လာတုန်းကလည်း တစ်ယောက်တည်း လက်တွဲဖော်မပါ
    ဥစ္စာချည်းနှီး ကိုယ်ထီးတည်း ပြန်ပြီးသွားရမှာ
    ပြန်သွားတော့လည်း တစ်ယောက်တည်း အမြဲသွားရမှာ
    တွေ့ ကြုံဆုံရ တစ်ခဏ ဘ၀သံသရာ
    ဘ၀ရိပ်မြုံ ကကြိုးစုံ ကံကုန်မိုးချုပ်ကာ
    သုတ်သုတ်ဆောလျှင် ခရီးနှင် တို့ ပင်ဧည့်သည်ပါ
    မသေရခင် နေရစဉ် ချစ်ခင်ကြင်နာပါ
    မသေရခင် သွားလမ်းစဉ် ပြင်ဆင် ဒါ သီ ဘာ
    ဧည့်ုသည်ငါတို့ ပြင်ဆင်လို့  ပြုစို့  ဒါ သီ ဘာ
No comments: