Monday, June 9, 2008

စာရေးဆရာ မောင်သာချို၏ ရသများ

ကျွန်တော် မထင်မှတ်ဘဲ စာရေးဆရာ မောင်သာချို ရဲ့စာအရေးအသားများကို ဖတ်ခွင့်
ခံစားခွင့် ရလိုက်တယ်ဗျာ အရမ်းကို တန်ဖိုးရှိတဲ့စာသားလေးတွေဘဲဗျ နားလည်ဆုံးနဲ့ 
အရိုးရှင်းဆုံးဘဲ ရေးထားတာပါ စာရေးဆရာ မောင်သာချိုဟာ လောကလူ့ ဘုံမှ ဖြစ်အင်
စုံလှသော လူသားထုရဲ့ သမုဒ္ဒရာ ၀မ်းတစ်ထွာအရေး လှုပ်ရှားရုန်းကန်နေရသော ဘ၀အ
စုံစုံကို တင်ပြပေးထားပါတယ် ကျွန်တော်လည်း အဲဒီထဲကမှ အကြိုက်ဆုံး စာရေးကွက်
အရေးအသားများကို တင်ပြပေးလိုက်ပါတယ် ဘာဘဲပြောပြော ကျွန်တော့်ဆီကို လာလည်
ခဲ့တယ်ဆိုရင် ဤစာလေးတွေကို ခံစားသွားစေချင်တယ်ဗျာ ….


ဒလဘက်ကနေ ရန်ကုန်ဘက်ကမ်းသို့ ကူးတို့ နဲ့ ကူးပြီး အရက်ဆိုင်တကာ လှည့်လို့ ငါးဖယ်
ကြော်လိုက်ရောင်းနေရရှာတဲ့ သမီးလေးကို အမေတို့ စောင့်နေကြပါတယ်။
လွယ်အိတ်ထဲကနေ ထီလက်မှတ်တွေကို ဆွဲဆွဲထုတ်ရင်း တွေ့ တဲ့လူကို “ထီထိုးဦးမလားခင်
ဗျာ” လို့ လိုက်မေးနေရရှာတဲ့ အဖေကြီးကို သမီးတို့ စောင့်နေကြပါတယ်။
ရန်ကုန်-အင်းစိန်ဘတ်စ်ကားလိုင်း နောက်မြီးမှာ ပြုတ်ကျမသွားအောင် သံကိုင်ကို ဆွဲထားရင်း
က “သမိုင်းကို နင်းထားဆရာရေ” လို့ အော်နေရတဲ့ ကားစပါယ်ရာ သားလေးကို အမေတို့ 
စောင့် နေကြပါတယ်။
မြို့ နဲ့ ဝေးဝေး ရွာလေးတွေကနေ အဝေးပြေးကားကြီးတွေက မတင်ချင်တင်ချင်နဲ့ သယ်ဆောင်
လာတဲ့ ကျောင်းဆရာမလေးကို အဖေတို့ စောင့်နေကြပါတယ်။
အရောင်းအ၀ယ် ကိစ္စလို့ ပြောပြိး ဘာကုန်ကိုမှ သယ်ေ ဆာင်မသွားဘဲ ထွက်သွာံးတက်တဲ့ မမ
ကြိးကို မောင်လေးတို့  ညီမလေးတို့ စောင့်နေကြပါတယ်။
မီးကလေးတွေ ဖိုထားကြရင်း
ဟင်းချိုကလေးတွေ နွှေးကြရင်း
ထမင်းဝိုင်းလေးတွေ ပြင်ကြရင်း
အကြမ်းအိုးလေးတွေ တည်ကြရင်း
ပြန်လာမယ့် လမ်းများကို စောင့်မျှော်ရင်း….။
လို့  ဖော်ပြထားပါတယ်..

ထိုပြည်သူ.လူသားများ၏ နည်းအမျိုးမျိုးနှင့် လှုပ်ရှားရုန်းကန်နေရသော အခြေအနေအမျိုးမျိုး
မှ အန္တရာယ် များ အဖိနှိပ်ခံရပုံများ လောကဓံအမျိုးမျိုးတို့ ကို လူ့ ဘ၀၏ ပကတိအတိုင်း အရှိ
တရားဖြစ်စဉ်များကို ရေးဖွဲ့ထားခဲ့သေးသည်

လောကကြီး၏ မမြင်နိုင်သော သဘာဝ ဘေးဆိုးအန္တရာယ် ကံဆိုးမိုးမှောင်ကမှု အကျင့်ပျက်
စရိုက်ပျက် အတွေးအခေါ်မဲ့ ဓနဥစ္စာ ရှိသူများ၏ ဖိနှိပ်မှု နိုင်ထက်ကလူပြုမှု။
တစ်ကယ့်တစ်ကယ်တော့--

အိမ်ပြန်လာရတဲ့ စက်ဘီးကလေးနဲ့ မန္တလေးဘက်သို့ အတင်းမောင်းဝင်သွားတဲ့ ဘတ်စ်ကား
ကြီးတို့ ရဲ့ လမ်းမကြီးပေါ်မှာ မိုးသက်မုန်တိုင်းတွေ ရှိတယ်ရန်ကုန်ဘက်ကနေ ဒလဘက်သို့ ဖြတ်ကူးလာတဲ့ အမြည်းရောင်းသူကလေးရဲ့ ရန်ကုန်မြစ်ပေါ်
ကညမှာ ကံဆိုးမိုးမှောင်တွေ ရှိတယ်။
အလုပ်သမားခေါင်းကနေ တင်ပါးလှမ်းအပုတ် ခံလိုက်ရတဲ့ ပန်းရန်သမ ကလေးရဲ့လမ်းမှာ ခြေ
ချော်လက်ချော်တွေ ရှိတယ်။
ဧည့်ကြိုကောင်မလေးနဲ့ ကူးသန်းရောင်းဝယ် ကုန်သည်သမားကြီးတွေကြားမှာ မစွမ်းရင်းတွေ၊
ကန်စွန်းခင်းတွေ ရှိတယ်။
ကမ်းနဲ့ ဝေးရာသို့ ထွက်သွားတဲ့ တံငါလှေကလေးနဲ့ လေရိုင်းတွေရေရိုင်းတွေကြားမှာ လောက
ဓံလှိုင်းလုံးတွေ ရှိတယ်။
နွားရိုင်းတစ်ကောင်လို ကရှုးထိုး ခုတ်မောင်းသွားတဲ့ အမြန်ရထားပေါ်က တစ်တွဲပြီးတစ်တွဲ ကိုယ်ကို လွှဲသွားနေတဲ့ ဈေးသည်ကလေးရဲ့ လက်ထဲမှာ လွတ်ကျသွားတဲ့ အိမ်မက်တွေ ရှိတယ်။
……………………
ဒါလေးကလည်း သရုပ်မှန်ပါတယ် စာရေးဆရာ မောင်သာချိုဟာ လူ့ ဘ၀ရဲ့ သရုပ်မှန်များကို
ပေါ်လွင်ထင်ရှားအောင် ရသစာတိုများဖြင့် ဤသို့ ဖော်ပြခဲ့ပါတယ်..

Thursday, June 5, 2008

တရားအားထုတ်ကြရအောင်

ဘာတွေဘဲဖြစ်ဖြစ်ကျွန်တော့် ပါရမီက မသေးဟုဆိုလိုက်ချင်သည်
ဟုတ်တယ်လေ ကျွန်တော်ငယ်ငယ်လေးကတည်းက ဗုဒ္ဒဘာသာဝင်
တစ်ယောက်ဖြစ်ခွင့်ရခဲ့ခြင်းကြောင့်ပင်... လူဟူ၍ဖြစ်လာပြီဆိုကတည်းက
ကိုယ်ယုံကြည်ရာကို ကိုးကွယ်ခဲ့ကြသည်မဟုတ်လား................
ယ္ခုလို ကျွန်တော်တို့ တွေ လူ့ ဘ၀ကိုရလာပြီဆိုကတည်းက ရှေးက ပြုခဲ့သော
ကံတရားကြီးမားကြောင်း သိသာပါတယ် ကျွန်တော်တို့ ရဲ့ သံသရာကြီးမှ
လွတ်မြောက်လမ်းမှာ ယခုလူ့ ဘ၀သည်သာ ကြိုးစားအားထုတ်ရန်
အကောင်းဆုံးဘ၀ဖြစ်ပါတယ် မျှတသော ခံစားမှုတွေကို ကျွန်တော်တို့ တွေ
ဒီဘ၀မှာ ခံစားရပါတယ် ကျွန်တော်တို့ တွေ ဗုဒ္ဒဘုရားရှင်တော်မြတ်နဲ့ ကိုယ်တိုင်
မဖူးမြှော်လိုက်ကြရ၍ ၀မ်းနည်းစရာမဟုတ်ပါဘူးဗျာ အခုခတ်ကြီးမှာလည်း
စမ္မက္ခန္ဒာ ဘုရားတွေ အများကြီးရှိပါတယ် သာသနာတော်ကြီး ဖွံဖြိုးနေပါပြီ
ကံရှိပါလျှင် ပါရမီိရှိပါလျှင် ရလိမ့်မည်ဟု အေးစက်စက်နေကြလျှင်တော့
သံသရာတောထဲမှာ ၀ဲလည်ခတ်နေမှာ အသေအချာပင်..


  • ……..“အို”လူအများတို့  ယခုအခါ ကံပါရမီမေးစရာမလို ရှင်ဘုရင့်သားဖြစ်ပြီးသူ
    အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့ မလို မုတ်ဆိတ်ပျားစွဲသူသည်
    တခြားသွားပြီး ပျားဖွတ်ရန်မလို ရန်သူဝိုင်းထားခြင်းခံရသူသည် ထွက်ပေါက်သိရက်နှင့်
    မထွက်သော် ကံပါရမီချရန်မလို။

  • အညစ်အကြေးလူးသုသည် ရေစည်ရှိလျှက် မဆေးသော် ရေ၌အပစ်ဆိုဖွယ်မရှိ
    အ, လို့  န, လို့ သာဖြစ်သည် အသေနည်းတယ်လို့ သာ ဆိုဖို့ ကောင်းတော့၏။
    ကြောက်ကြ လန့် ကြ ထိတ်ကြ။

  • “အို” လူအများတို့  တရားအားထုတ်ကြပါတော့……………….

    မူလစာမျက်နှာကိုပြန်သွားရန်
    HOME PAGEကိုနှိပ်ပါ

ရသ စာတို

ကျွန်တော် ဘလော့ခ်တစ်ခုကို ကိုယ်တိုင်ရေးချင်တာကြာပြီဗျ..မရေးတက်တာလည်းပါတယ်.
အခု ကျွန်တော် နည်းနည်းပါးပါးလေးနားလည်တော့လည်း ဘာရေးရမှန်းမသိ ဖြစ်နေတယ်
ကဗျာလား ..သုတလား...စီးပွားရေးလား...နိုင်ငံရေးလားပေါ့...ခက်တာက ကျွန်တော်ကလည်း
ဟိုစပ်စပ် ဒီစပ်စပ်ရယ်..ကျွန်တော်ကြိုတ်တဲ့ အကြောင်းအရာလေးတွေ...မိတ်ဆွေတို့ လည်း
အကျိုးရှိစေချင်လို့  ကောင်းတာလေးတွေဘဲ ရွေးပြီးတင်မှာပါ..ကျွန်တော်ကလည်း နိုင်ငံရေးသ
မားတစ်ယောက်မဟုတ်ပါဘူး..ဒါပေမဲ့ ၀ါသနာတော့ အသေပါတယ်..လုပ်လည်းလုပ်တယ်
ဖမ်းခံရမှာတော့ကြောက်တယ်ဗျ :P ဟိုတစ်လောက စက်တင်ဘာ ၂၇ ရက်က ဆိုရင် ကျွန်တော်က
ထိပ်ဆုံးကဘဲ နောက်ဆုံးကရေရင် ထိပ်ဆုံးကလို့ ပြောတာပါ :P နောက်တာပါ ဒါကလည်း ၀ါသနာ
အရမ်းပါလို့ ပါ.....ကျွန်တော် တစ်လောက ဖတ်လိုက်ရတယ်ဗျာ.....တစ်ကယ်ရီစရာလေးပါ
ဂျာနယ်တစ်စောင်မှာဖတ်လိုက်ရတဲ့ အကြောင်းလေးတစ်ခုပါ.“မြန်မာပြည်က..
(အထူးသဖြင့် ရန်ကုန်ကပေါ့) မနက်ဆိုရင် အလုပ်သွားရတဲ့ အခါ ကားကြပ်လို့ 
ရထားကြပ်လို့ စိတ်ပျက်နေကြရတဲ့ သူတွေအတွက် ရေးထားတာပါ...
စိတ်မပျက်ကြပါနဲ့တဲ့  ....အန္ဒိယမှာဆိုရင် မြန်မာပြည်ထက် အဆ ၁၀ ဆလောက်ဆိုးပါတယ်ဆိုဘဲ
ကျွန်တော် အဲဒီစာကို ဖတ်ပြီး ၀ါးလုံးကွဲအောင် ရယ်မိတယ်ဗျာ..စဉ်းစားကြည့်လေဗျာ
ကိုယ့်ပေါ်က နိုင်ငံတွေကို အားကျပြီး ဘယ်လို အတုယူရမလဲ ဆိုတာမစဉ်းစားဘဲ
ကိုယ့်အောက်ကနိုင်ငံကိုသွားပြီး ယှည်နေတယ်..အဲစာရေးဆရာ
“နွားခြေရာခွက်ထဲကဖားလိုဖြစ်နေပြီ ” အဲဒီစာရေးဆရာကို ပြောလိုက်စမ်းချင်တယ်...
ခင်ဗျား ယှည်ချင်သေးရင် အီသီယိုးပီးရား တစ်နိုင်ငံကျန်သေးတယ်လို.





ကျွန်တော်နှင့် အနိစ္စသဘောအမြင်....

ကျွန်တော်ကဗုဒ္ဒဘာသာဝင်တစ်ယောက်ပါ...ကျွန်တော့်ကျေးဇူးရှင်မိဘနှစ်ပါးကလည်းဗုဒ္ဒဘာသာကို နက်နက်နဲနဲယုံကြည်ကိုင်းရှိုင်းသူတွေပါ..သူတို့အတွက်ကစားစရာမရှိရင်နေပါစေ..တရားရေဘဲသောက်ရမယ်ဆိုလည်း သောက်မှာ အမှန်ဘဲဗျ.ကျွန်တော့်မှာ အဲဒီလို မိဘနှစ်ပါးရှိတာကို ဂုဏ်ယူတယ်ဗျာ..တစ်ကယ်ပါ....
ဒီတော့ ကျွန်တော်လည်း မိရိုးဖလာဗုဒ္ဒဘာသာဝင်လို မျိုး မဖြစ်ချင်ဘူးဗျ..ဗုဒ္ဒဘာသာကို လေးလေးနက်နက်နဲ့ 
ကိုးကွယ်တဲ့  သူဖြစ်အောင် လုပ်ရတာပေါ့ဗျာ..ဒါကြောင့်ကျွန်တော် မနက်ဆိုင်ဖွင့်ပြီဆို ပထမဆုံး ဘုရားစင်ကိုဘဲ
သန့် ရှင်းရေးလုပ် ပြီးတော့ သောက်တော်ရေတွေလဲ ဘုရားပန်းတွေလဲ လုပ်ရတာပေါ့ဗျာ..အမျှတွေဝေ.....
မိတ်ဆွေလည်းကျွန်တော့်ရဲ့ ကောင်းမှုတွေကို ရမှာပါ..ဟဲဟဲ..ကျွန်တော်တစ်ကယ် တရားရတယ်ဗျ..
အခုမြင် ညပျောက် ဆိုတာ သွေးထွက်အောင်ကို မှန်တဲ့စကားဗျာ ကျွန်တော်တို့  သိကြတဲ့ 
ရုပ်ရှင်မင်းသားဒွေးဆိုရင်သေသာသေသွားတယ်သူ့ရဲ့အောင်မြင်မှုတွေကိုထားခဲ့ရတယ်ဗျ..သူ့ အောင်မြင်မှုတွေရော သူ မသေခင်က ရှာဖွေခဲ့တဲ့  ငွေတွေရောလက်ပြနှုတ်ဆက်ခဲ့ရုံဘဲ...ကျွန်တော်တို့  ဗုဒ္ဒဘာသာတွေရဲ့ အထွတ်အထိပ်မြတ်စွာဘုရားတောင်မှ ပရိတ်နိဗ္တန် ပြုရသေးတာဘဲဗျာ..ကျွန်တော်တို့ လည်း
ပြောစရာမရှိတော့ဘူးဗျ...ဒါပေမဲ့ကွာတယ်ဗျ..နောက်ဖြစ်လာမယ့်ဘ၀ရဲ့ချမ်းသာမှုနဲ့  ဆင်းရဲမှုပေါ့ဗျာ..ဒါကရှင်းပါတယ်..ကောင်းမှုလုပ်ရင်ကောင်းတာဖြစ်မယ်..အကုသိုလ်လုပ်ရင် မကောင်းတာဘဲဖြစ်မယ်...ကျွန်တော်ကတော့အမှန်အတိုင်းပြောရရင်နောက်ဖြစ်လာမယ့်ဘ၀ကိုဘဲ တွေးတယ်ဗျ...ဒီဘ၀မှာဆင်းရဲလည်းမကြောက်ဘူးဘ၀ကူးမကောင်းမှာဘဲကြောက်တယ်ဗျ.....ကျွန်တော်အခုဘ၀မှာ ဆင်းရဲတယ်ဆိုပေမဲ့ကျွန်တော့်ရဲ့ဘ၀သံသရာတစ်လျှောက်လုံးမှာ ချမ်းသာမှုတွေကိုရေမတွက်နိုင်အောင်ခံစားခဲ့ရဘူးမှာပါ....ပင်လယ်ကမ်းခြေက သဲလေးတွေထက်များပြားအောင်ကို ကျွန်တော်တို့  ဘ၀သံသရာ များစွာကို ကျင်လည်ခဲ့ကြရပါတယ်..
နောက်လည်း ဆက်ပြီး ဖြစ်လိုက်ပျက်လိုက်နေကြရဦးမှာပါ...တစ်ခုတော့ရှိတာပေါ့ဗျာ..၀ိပဿနာတရားတော်
ကိုဘဲ ကျင့်ကြံအားထုတ်နေမယ်ဆိုရင်တော့ ကျွန်တော်တို့ သံဿရာကြီးကို ကျော်လွှားနိုင်မှာပါ...ဒါကြောင့်
ကျွန်တော်တို့  လောလောဆယ်ဖြတ်သန်းနေရတဲ့ လက်ရှိဘ၀မှာ ကောင်းမှုတွေကို လုပ်စေချင်တယ်ဗျာ
လောကကြီးကို အကောင်းမြင်လိုက်ကြရအောင်....အချိန်ပြည့်ကိုယ့်စိတ်လေးတွေ ကြည်နေဖို့ လိုတယ်..
အဲဒီလို ဖြစ်လာရင် ကိုယ့်စိတ်လေးတွေကို ဗုဒ္ဒဘုရားကို ဦးညွှတ်ထားရင် ကိုယ်ဟာမကောင်းမှုတွေကို အလိုလို
ရှောင်ကွင်းမိနေမှာပါ ...ကျွန်တော် မကောင်းမှုဆိုတာက အကုန်လုံးကို ဆိုလိုတာပါ..ကျွန်တော်တို့ လူ့ ဘ၀မှာ
ကောင်းတာလေးတွေလုပ်ပြီး ကောင်းကောင်းမွန်မွန်နဲ့  သေခြင်းတရားကိုရင်ဆိုင်လိုက်ကြရအောင်ဗျာ..။ ။
ကျော်ကိုကို

ရွေတိဂုံသို့ တစ်ခေါက်





















ကျွန်တော် ဒီနေ့ ဘုရားကိုသွားဖြစ်တယ်ဗျ
ဘုရားမှာ လူတွေတော်တော်များတယ်
ကောင်းပဗျာ မြင်သမျှတွေက ကြည်နူးစရာတွေအပြည့်ဘဲဗျာ
ကျွန်တော်တို့ ဗုဒ္ဒဘာသာလူမျိုးတွေရဲ့ အထွတ်အမြတ်ပေါ့ဗျာ
လူတွေကို ကြည့်လိုက်ရင် ဘုရားပန်းလေးတွေကိုယ်စီနဲ့ 
တစ်ကယ်ပါဗျာ ပြောမပြနိုင်အောင် ပီတိဖြစ်တယ်
ဘုရားပေါ်မှာဆိုရင် အရမ်းအေးချမ်းတယ်ဗျာ
ဂုဏ်ပကာသနတွေမရှိဘူး
ဟန်ဆောင်ခြင်းကင်းတယ်
အားလုံးရဲ့ စိတ်ထဲမှာ ကြည်နူးစိတ်တွေ ပျံ့လွင့်နေတယ်
လောကကြီးနဲ့ ဝေးတစ်နေရာကို ရောက်သွားသလိုဘဲ
လောဘ ဒေါသ မောဟ တွေနဲ့ ကင်းတယ်
ကျွန်တော်တို့ တွေ တစ်နေကုန် ဒါတွေနဲ့ မကင်းနိုင်ကြပေမဲ့
ဘုရားရဲ့အရိပ်အောက်မှာ ကင်းတယ်
လူတွေရဲ့ မျက်နှာတွေကိုကြည့်လိုက်ရင် သောကတွေကင်းလို့ 
မအားတဲ့အချိန်လေး ခဏမှာ ဘုရားကိုအပြေးအလွှားလာပြီး
ဖူးမြှော်ရပေမဲ့ မောရမှန်း မေ့နေကြတယ်
ဘုရားအရိပ်ကမှ လောကကြီးမှာ အရိပ်စစ်ပါ
အေးချမ်းမှု အစစ်အမှန်တွေကို ဘုရားရဲ့အရိပ် တရားရဲ့အရိပ်ကသာ
မိုးပေးနိုင်ပါလိမ့်မယ်ကျွန်တော်တို့ တွေ တစ်နေ့ တစ်နေ့ 
ချမ်းသာခြင်းရဲ့ အကြောင်းအမှန်ကို
မသိဘဲ နေကုန်နေရတာ နှမြောဖို့ ကောင်းလိုက်တာဗျာ
တစ်ရက် တစ်ရက် အမှောင်တွေထဲမှာ တိုးဝင်နေရတာ
ကိုယ်ချစ်တဲ့လူအတွက် ကိုယ့်ကိုယ်ကို နှစ်နေကြတာ
မြုတ်မှန်းမသိ မြုတ်နေရတာတွေဟာ
သံသရာကို မမြင်ဘဲ စွဲလမ်းမှုလွန်ကဲနေလို့ ဖြစ်နေရတာပါ
ကဲပါဗျာ ကျွန်တော်တို့ တွေ တစ်ရက်အသက်ကြီးလာတာနဲ့ 
တစ်ရက်တန်ဖိုးရှိလာအောင်
သံသရာကြီးကို ရွံရှာစက်ဆုပ်ဖွယ်ရာ လို့ မြင်လိုက်ပါဗျာ
ကိုယ့်ကိုယ်ကိုယ် သံသရာကြီးမှာ ၀ဲလယ်ခတ်မနေရအောင်
နိဗ္ဗန်ကြီးကို ရက်တိုတိုနဲ့  ကူးသွားရအောင်
အခုဘဲ ဘုရားကိုသွားပြီး တရားအားထုတ်ကြပါစို့ ဗျာ

ပြန်မရနိုင်သော......

ကျွန်တော် ဒီနေ့ ပို့ စ်အသစ်မတင်တော့ဘူးလို့ တွေးနေတာ ညပိုင်းမှ
ရေးစရာလေး တွေးမိလို့  တင်လိုက်တယ်ဗျာ………………………
ကျွန်တော် ငယ်ငယ်ကဆိုရင် အရမ်းရင်ခုန်လွယ်ခဲ့တာ တစ်ကယ်ပါ
ကျွန်တော်က လူကသာဘာမှ မဟုတ်တာ အချစ်ကို၆တန်းကတည်းက
စတွေ့ မိခဲ့တယ်ဗျ အရုးအမူးဘဲဗျာ အဲဒီတုန်းကတော့ သူ့ ကိုမှ မတွေ့ ရရင်
တစ်ရက်လုံး နေလို့ ကိုမရဘူးဗျာ ငိုလည်းငိုခဲ့တယ် ရည်းစားစာတွေဆိုရင်
ပလူပျံနေတာဘဲ တစ်ကယ်ဗျာ အဲဒီတုန်းက ခံစားချက်တွေကတော့
ရိုမီယိုနဲ့ ဂျုလိယက်ထက်တောင် သာလိမ့်ဦးမယ် သူ့ ကိုမရရင် သေနိုင်တယ်
အဲဒီလောက်ထိ ခံစားချက်ပြင်းထန်ခဲ့တာ တစ်ရက်တစ်ရက် စာသင်ခန်းမှာ
ဆိုရင်လည်း စာမသင်နိုင်ဘူး သူ့ ကိုဘဲငေးနေမိတာ သူတွေ့ ရင် ကျွန်တော်သူ့ 
ကို ဆွေးနေသလိုမျိုး အိုက်တင်လုပ်နေသေးတယ် တစ်ကယ်ပါဗျာ အိမ်မှာဆိုရင်
လည်း စာကိုလည်း ကောင်းကောင်းမကျက် စာအုပ်ဆိုင်က ၀တ္တုစာအုပ်တွေ
ငှားပြီး ဖတ် လေထဲမှာ တိုက်အိမ်ဆောက်နေတယ် ကျွန်တော် ၈ တန်းကျောင်း
သားအရွယ်မှာ မောင်လှမျိုးစာအုပ်တွေဆို အသေကြိုက် အဲဒီတုန်းက
လေတိုက်တာတောင် ခံစားမိခဲ့တာ စာဆိုတာ ဦနှောက်မှာ ဘာဆိုဘာမှကို
မရှိတာ တစ်ကယ် အချစ်နဲ့ ဘ၀တစ်ခုကို လွယ်လွယ်ဆောက်နိုင်မယ်လို့ 
ထင်ခဲ့မိတယ် ကျွန်တော် ဒီလိုနဲ့ ၁၀ တန်းကို ရောက်လာခဲ့တယ် ၁၀ တန်းမှာ
လည်း ကျွန်တော့်စိတ်ထဲမှာ ငါကအထက်တန်းကျောင်းသားကြီးဘဲ ဆိုပြီး
ကျောင်းမှာ လူဆိုးဘွဲ့ကို ခံယူခဲ့တယ် စာကိုလည်းကောင်းကောင်းမကျက်
ကျောင်းကိုလည်းမှန်မှန်မသွား ကျွန်တော်အချိန်တွေကို ဘယ်လိုသုံးခဲ့လည်းဆိုရင်
ဘိလိယက်ခုံမှာဘဲ တစ်နေ့ လုံးဘိလိယက်ခုံမှာဘဲ ကျွန်တော့်ကိုတွေ့ ချင်ရင်
ဘိလိယက်ခုံကိုသာလာခဲ့ ညဆိုရင်တော့ ကျွန်တော့်အိမ်က ၁၁နာရီထိ
စောင့်တယ်ဗျ စာကျက်ချိန်ပေါ့ ဒါပေမဲ့ မရပါဘူး ကျွန်တော်စိတ်တွေ တော်
တော်လေနေပြီလေ စာကျက်ချိန်ပြီးလို့ ကျွန်တော်အဖေနဲ့ အမေက
အိပ်ပြီဆိုရင် ကျွန်တော် အိမ်ကနေ တိတ်တိတ်လေး ခိုးထွက်ပြီး ဘိလိယက်ခုံကို
ရောက်သွားရော တစ်ကယ်ပါ တစ်ညလုံး ဘိလိယက်ခုံမှာနေတာ
မနက်မိုးလင်းခါနီးမှ အိမ်ကိုပြန်တာ ငယ်ငယ်က ကျွန်တော်အဲဒီလို
အပေအတေနေခဲ့တယ် ဒါကိုကျွန်တော် ဂုဏ်ယူပြီးပြောတာမဟုတ်ပါဘူးဗျာ
အခုကျွန်တော် နောင်တရနေမိတယ် ဘယ်တော့မှ ပြန်ကြိုးစားလို့ မရတော့တဲ့
အချိန်တွေကို ကျွန်တော်ဟာ ဖြုန်းတီးနေမိခဲ့တယ် ၁၀ တန်းဆိုတဲ့ ဘ၀ကြီးကို
တစ်ဆစ်ချိုးပြောင်းလဲမယ့် အချိန်တွေကို ကျွန်တော်ဟာ ကောင်းကောင်းအသုံးမချ
ခဲ့ဘူးဗျာ အဲဒါတွေက ကျွန်တော့်ဘ၀ကြီးကို ဒီလောက်ထိပြောင်းလဲလိမ့်မယ်လို့ 
မတွေးမိခဲ့ဘူးဗျာ အခုတော့ ငယ်ငယ်က ရင်ခုန်ခဲ့တဲ့ ရင်ခုန်မှုတွေဟာ
ချွေးတစ်ပေါက်လောက်တော် တန်ဖိုးမရှိတော့ဘူးဗျာ ငယ်ငယ်က စိတ်ကူးတွေနဲ့ 
လက်တွေ့ ဘ၀က အရမ်းကိုကွာခြားသွားပါပြီဗျာ တစ်ကယ်တော့ ရင်ခုန်မှုတွေက
လူ့ ဘ၀ကြီးမှာ အကျင့်ကောင်းတွေကို မဆောင်ကျဉ်းနိုင်ဘူးဗျ ငယ်ငယ်က ရင်ခုန်မိလို့ 
အခုတော့ ကျွန်တော့်ဘ၀ကြီးကို အချိန်တွေနဲ့ ပြန်ပြီး ပေးဆပ်ရတော့မယ် ကျွန်တော့်
ရင်ထဲမှာ အခု ဘာတစ်ခုကိုခံစားလို့ မရတော့ဘူးဗျာ တစ်ကယ်ပါဗျာ ဘာလို့ လဲဆိုတော့
ကျွန်တော့် မိုက်ပစ်တွေကို ချွေးတွေနဲ့ ဘဲ ပြန်ချေရတော့မှာလေ ကျွန်တော့်ကြောင့်မိဘ
တွေ မျက်ရည်ကျခဲ့ရတယ် အဲဒီမျက်ရည်တွေကို ကျွန်တော့်ရဲ့ သွေးတွေနဲ့ အစားထိုးရမယ်

စိတ်ကူးယဉ်မှုတွေဟာ အခုအချိန်မှာ ကျွန်တော့်အတွက် ဟာသတစ်ခုလိုဘဲ

ကျွန်တော်အဖေနဲ့ အမေကို ဒီစာလေးနဲ့  ကျွန်တော့်ရဲ့ မိုက်ပစ်တွေကို ရှိခိုးဦးချပြီး
တောင်းပန်ကန်တော့လိုက်ရပါတယ်ဗျာ……………………………………