Thursday, June 5, 2008

ပြန်မရနိုင်သော......

ကျွန်တော် ဒီနေ့ ပို့ စ်အသစ်မတင်တော့ဘူးလို့ တွေးနေတာ ညပိုင်းမှ
ရေးစရာလေး တွေးမိလို့  တင်လိုက်တယ်ဗျာ………………………
ကျွန်တော် ငယ်ငယ်ကဆိုရင် အရမ်းရင်ခုန်လွယ်ခဲ့တာ တစ်ကယ်ပါ
ကျွန်တော်က လူကသာဘာမှ မဟုတ်တာ အချစ်ကို၆တန်းကတည်းက
စတွေ့ မိခဲ့တယ်ဗျ အရုးအမူးဘဲဗျာ အဲဒီတုန်းကတော့ သူ့ ကိုမှ မတွေ့ ရရင်
တစ်ရက်လုံး နေလို့ ကိုမရဘူးဗျာ ငိုလည်းငိုခဲ့တယ် ရည်းစားစာတွေဆိုရင်
ပလူပျံနေတာဘဲ တစ်ကယ်ဗျာ အဲဒီတုန်းက ခံစားချက်တွေကတော့
ရိုမီယိုနဲ့ ဂျုလိယက်ထက်တောင် သာလိမ့်ဦးမယ် သူ့ ကိုမရရင် သေနိုင်တယ်
အဲဒီလောက်ထိ ခံစားချက်ပြင်းထန်ခဲ့တာ တစ်ရက်တစ်ရက် စာသင်ခန်းမှာ
ဆိုရင်လည်း စာမသင်နိုင်ဘူး သူ့ ကိုဘဲငေးနေမိတာ သူတွေ့ ရင် ကျွန်တော်သူ့ 
ကို ဆွေးနေသလိုမျိုး အိုက်တင်လုပ်နေသေးတယ် တစ်ကယ်ပါဗျာ အိမ်မှာဆိုရင်
လည်း စာကိုလည်း ကောင်းကောင်းမကျက် စာအုပ်ဆိုင်က ၀တ္တုစာအုပ်တွေ
ငှားပြီး ဖတ် လေထဲမှာ တိုက်အိမ်ဆောက်နေတယ် ကျွန်တော် ၈ တန်းကျောင်း
သားအရွယ်မှာ မောင်လှမျိုးစာအုပ်တွေဆို အသေကြိုက် အဲဒီတုန်းက
လေတိုက်တာတောင် ခံစားမိခဲ့တာ စာဆိုတာ ဦနှောက်မှာ ဘာဆိုဘာမှကို
မရှိတာ တစ်ကယ် အချစ်နဲ့ ဘ၀တစ်ခုကို လွယ်လွယ်ဆောက်နိုင်မယ်လို့ 
ထင်ခဲ့မိတယ် ကျွန်တော် ဒီလိုနဲ့ ၁၀ တန်းကို ရောက်လာခဲ့တယ် ၁၀ တန်းမှာ
လည်း ကျွန်တော့်စိတ်ထဲမှာ ငါကအထက်တန်းကျောင်းသားကြီးဘဲ ဆိုပြီး
ကျောင်းမှာ လူဆိုးဘွဲ့ကို ခံယူခဲ့တယ် စာကိုလည်းကောင်းကောင်းမကျက်
ကျောင်းကိုလည်းမှန်မှန်မသွား ကျွန်တော်အချိန်တွေကို ဘယ်လိုသုံးခဲ့လည်းဆိုရင်
ဘိလိယက်ခုံမှာဘဲ တစ်နေ့ လုံးဘိလိယက်ခုံမှာဘဲ ကျွန်တော့်ကိုတွေ့ ချင်ရင်
ဘိလိယက်ခုံကိုသာလာခဲ့ ညဆိုရင်တော့ ကျွန်တော့်အိမ်က ၁၁နာရီထိ
စောင့်တယ်ဗျ စာကျက်ချိန်ပေါ့ ဒါပေမဲ့ မရပါဘူး ကျွန်တော်စိတ်တွေ တော်
တော်လေနေပြီလေ စာကျက်ချိန်ပြီးလို့ ကျွန်တော်အဖေနဲ့ အမေက
အိပ်ပြီဆိုရင် ကျွန်တော် အိမ်ကနေ တိတ်တိတ်လေး ခိုးထွက်ပြီး ဘိလိယက်ခုံကို
ရောက်သွားရော တစ်ကယ်ပါ တစ်ညလုံး ဘိလိယက်ခုံမှာနေတာ
မနက်မိုးလင်းခါနီးမှ အိမ်ကိုပြန်တာ ငယ်ငယ်က ကျွန်တော်အဲဒီလို
အပေအတေနေခဲ့တယ် ဒါကိုကျွန်တော် ဂုဏ်ယူပြီးပြောတာမဟုတ်ပါဘူးဗျာ
အခုကျွန်တော် နောင်တရနေမိတယ် ဘယ်တော့မှ ပြန်ကြိုးစားလို့ မရတော့တဲ့
အချိန်တွေကို ကျွန်တော်ဟာ ဖြုန်းတီးနေမိခဲ့တယ် ၁၀ တန်းဆိုတဲ့ ဘ၀ကြီးကို
တစ်ဆစ်ချိုးပြောင်းလဲမယ့် အချိန်တွေကို ကျွန်တော်ဟာ ကောင်းကောင်းအသုံးမချ
ခဲ့ဘူးဗျာ အဲဒါတွေက ကျွန်တော့်ဘ၀ကြီးကို ဒီလောက်ထိပြောင်းလဲလိမ့်မယ်လို့ 
မတွေးမိခဲ့ဘူးဗျာ အခုတော့ ငယ်ငယ်က ရင်ခုန်ခဲ့တဲ့ ရင်ခုန်မှုတွေဟာ
ချွေးတစ်ပေါက်လောက်တော် တန်ဖိုးမရှိတော့ဘူးဗျာ ငယ်ငယ်က စိတ်ကူးတွေနဲ့ 
လက်တွေ့ ဘ၀က အရမ်းကိုကွာခြားသွားပါပြီဗျာ တစ်ကယ်တော့ ရင်ခုန်မှုတွေက
လူ့ ဘ၀ကြီးမှာ အကျင့်ကောင်းတွေကို မဆောင်ကျဉ်းနိုင်ဘူးဗျ ငယ်ငယ်က ရင်ခုန်မိလို့ 
အခုတော့ ကျွန်တော့်ဘ၀ကြီးကို အချိန်တွေနဲ့ ပြန်ပြီး ပေးဆပ်ရတော့မယ် ကျွန်တော့်
ရင်ထဲမှာ အခု ဘာတစ်ခုကိုခံစားလို့ မရတော့ဘူးဗျာ တစ်ကယ်ပါဗျာ ဘာလို့ လဲဆိုတော့
ကျွန်တော့် မိုက်ပစ်တွေကို ချွေးတွေနဲ့ ဘဲ ပြန်ချေရတော့မှာလေ ကျွန်တော့်ကြောင့်မိဘ
တွေ မျက်ရည်ကျခဲ့ရတယ် အဲဒီမျက်ရည်တွေကို ကျွန်တော့်ရဲ့ သွေးတွေနဲ့ အစားထိုးရမယ်

စိတ်ကူးယဉ်မှုတွေဟာ အခုအချိန်မှာ ကျွန်တော့်အတွက် ဟာသတစ်ခုလိုဘဲ

ကျွန်တော်အဖေနဲ့ အမေကို ဒီစာလေးနဲ့  ကျွန်တော့်ရဲ့ မိုက်ပစ်တွေကို ရှိခိုးဦးချပြီး
တောင်းပန်ကန်တော့လိုက်ရပါတယ်ဗျာ……………………………………

No comments: