Thursday, June 5, 2008

အလုပ်ဂုဏ်ရည်

ကျွန်တော် ဒီနေ့ မနက်မှာဗျာ သင်တန်းကိုအသွား BUSကားပေါ်မှာ အရမ်းအိပ်ငိုက်လာတာနဲ့  သင်တန်းကိုမသွားဘဲ သွားလည်းစာသင်လို့  ရမှာမဟုတ်လို့ အင်းယားကန်ဘောင်မှာ အချိန်ဖြုန်းနေလိုက်တယ် Canteenမှာ ခေါက်ဆွဲသွားစားပြီး ကန်ဘောင်ကခုံလွတ်တစ်လုံးမှာ ထိုင်ပြီး ရောက်တက်ရာရာတွေကို ငေးနေမိတယ် စိတ်လွတ်လက်လွတ်နဲ့  နေပြီး ဒီနေ့ ပို့ စ်အသစ်ဘာတွေတင်ရရင်ကောင်းမလဲ စဉ်းစားနေမိတယ်ဗျ အခုဆိုရင်ကျွန်တော့်မှာလည်း ဘလော့ခ်ရောဂါဖြစ်နေပြီ ကျွန်တော့်အတွက်တော့ ၉၇ ပါးမြောက်ရောဂါဘဲ
ကျွန်တော်က အလုပ်ကနေဘဲ ဘလော့ခ်ကို ရေးရတာ ဟုတ်ကျွန်တော်အလုပ်လုပ်နေတယ်ဗျ အော်.. အလုပ်.....အလုပ်.... ဟုတ်တယ်ဗျ
ကျွန်တော် တစ်ခါတစ်လေ ချမ်းသာကြွယ်ဝတဲ့ လူတွေကြည့်ပြီး အားကျသလိုလို မနာလိုမိသလို ဖြစ်မိတယ် ဟုတ်တယ် သူတို့ က ငယ်ကတည်းက ဘာအလုပ်ကိုမှ မလုပ်ရဘဲချမ်းသာလာကြတာလေ ကျွန်တော်ဆိုရင် ငယ်ငယ်တုန်းကတော့ မိဘရဲ့ချွေးတွေနဲ့  အသက်ရှင်ခဲ့ပေါ့ ၁၀တန်းဖြေပြီးတော့ ကျွန်တော့်ဘ၀ကိုကျွန်တော်ကိုယ်တိုင် ဖန်တီးခဲ့ရတယ် ကိုယ့်အားကိုယ်ကိုးခဲ့ရတယ် ကျွန်တော့်မှာ အားလပ်ရက်ဆိုတာမရှိဘူး ချမ်းသာတဲ့သူတွေအတွက် ဖန်တီးထားတဲ့ ရှိုးပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ နိုက်ကလပ်တွေ ကျွန်တော်နဲ့  ဝေးကွာပါတယ် ကျွန်တော်ဝါသနာလည်းမပါဘူး ထားပါ ချမ်းသာကြွယ်ဝတဲ့လူတွေအတွက် သူတို့ ဘ၀တစ်လျှောက်လုံး ရက်ရှည်အားလပ်ရက်တွေ ကြီးဘဲ ကျွန်တော်အတွက်ကတော့ နေ့ တိုင်းအလုပ်လုပ်ရတယ် တစ်ရက်လုပ်မှ တစ်ရက်စားရတယ်ဆိုတာ ကျွန်တော့်အတွက် သွေးထွက်အောင်ကို မှန်တယ်ဗျာ မိတ်ဆွေတို့ ရော ဘယ်လိုလဲဗျ
ကျွန်တော်တို့ တွေ မွေးလာကတည်းက အလုပ်တွေလုပ်ခဲ့ရတယ်ဗျ ကျောင်းသားဘ၀လည်း စာတွေကျက်ရတယ် ကျောင်းပြီးတော့လည်း
ဆိုင်ရာဆိုင်ရာ အလုပ်တွေပေါ့ အလုပ်ဆိုတာလုပ်ကိုလုပ်ရမယ် တစ်ခါတစ်လေရောက်ရင် ကျွန်တော်အလုပ်လုပ်နေရင်း ကိုယ့်ဘ၀ကိုယ်
ကိုယ်အားမရဘူးဗျ အလုပ်လုပ်ရတာကို ငြီးငွေ့ မိတယ် ဒါပေမဲ့ကျွန်တော်အတွက်က တွေးနေလို့ မရဘူး တွေဝေနေလို့ မရဘူး ကိုယ်မျှော်လင့်ထားတဲ့ အရာတွေကို မကြိုးစားဘဲကိုယ့်ဆီကို ဆိုက်ဆိုက်မြီုက်မြိုက်ရောက်လာမှာ မဟုတ်ဘူးလေ
ကြိုးစားတဲ့လူအတွက် အောင်မြင်မှုတွေက လက်ကမ်းကြိုဆိုနေလိမ့်မယ် အက်ဒီဆင်သာ သူ့ ရဲ့တီထွင်မှု အကြိမ်ပေါင်း ၉၉၉၉ ကြိမ်ကိုမတီထွင်ခဲ့ရင် ကျွန်တော်တို့ အခု လျှပ်စစ်မီးဆိုတာကို အိမ်မက်တောင်မက်ရမှာမဟုတ်ဘူးဗျ ကျွန်တော်အလုပ်လုပ်နေရလို့ 
စိတ်ပျက်အားငယ်မိလည်း တွေဝေနေလို့ မှ မရတာ လုပ်စရာတွေရှိသေးတယ် ဘ၀အတွက်ပြင်ဆင်ရဦးမယ် နောက်ဘ၀အတွက် ရိက္ခာ
တွေယူရဦးမယ်ဗျ မလှုလို့ မရှိ မရှိလို့ မလှု ဆိုတာကို ကျွန်တော့်ခေါင်းထဲမှာ သံမှုံရိုက်ထားရတယ်ဗျာ အလုပ်ကိုမှန်မှန်လုပ်နေရင် ကောင်းမွန်တဲ့ အမူအကျင့်တွေကို ထိပ်ဆုံးရောက်အောင် တည်ဆောက်နိုင်မှာပါ အလုပ်ကသင်ပေးမှာပါ ကျွန်တော်တို့ တွေ အလုပ်တွေကို အချိန်မှန်မှန်နဲ့  သတိဝီရိယ ရှိမှုတွေနဲ့  စေ့စပ်သေချာမှုတွေနဲ့  ဇွဲလုံ့ လတွေနဲ့  ပေါင်းစပ်ပြီး နောက်ဆုံးထွတ်သပ်အထိ
လုပ်နေကြရအောင်ဗျာ

No comments: