Tuesday, June 3, 2008

ယုံကြည်ကိုးကွယ်မှု

ယုံကြည်ကိုးကွယ်မှုတွင် အချက်(၃) ချက်ပါ ပါတယ်
(၁)အားကိုးရာ စွမ်းအား
(၂)အားကိုးမည့်သူ
(၃)အားကိုးသူကို ဆက်သွယ်ခြင်း။အားကိုးရာရှာခြင်း
ကျွန်တော်တို့  ကမ္ဘာကြီးတစ်ခုလုံးမှာ ကိုယ်ယုံကြည်ရာ ကိုးကွယ်မှုတွေ
အသီးသီးရှိကြပါတယ် အချို့ က တည်မြဲသော ကောင်းကင်ဘုံကို ယုံပါတယ်
ထိုကောင်းကင်ဘုံသည် ဘယ်တော့မှ မပျက်စီး။ကောင်းခြင်းချမ်းသာနှင့်ပြည့်
ဝသောနေရာ။ထိုလူတို့ သည်လည်း ငရဲကိုလည်း ယုံကြပါတယ် ကောင်းခြင်းများ
နှင့်ပြည့်ဝသော ကောင်းကင်ဘုံကိုလည်း ယုံကြပါတယ် ဘာသာကြီးများရဲ့
ဦးတည်ချက်များကတော့ တော်တော်များများဟာ တူနေပါတယ် ဗုဒ္ဒဘာသာက
တော့ ကွဲပြားပါတယ် ဘာသာတော်တော်များများနဲ့ ခံယူချက်ချင်း ကွဲလွဲပါတယ်
ဘာသာကြီးများရဲ့ ဘုရားသခင်များရဲ့ အဆိုအရ ဖြစ်ပျက်သမျှတွေဟာ ဘုရားသခင်ရဲ့
လက်ထဲမှာဘဲ ရှိနေပါတယ် လူတို့ ကိုယ်ကျင့်တရားကောင်းမှ ဘုရားသခင်ဟာ ကမ္ဘာ
ကြီးကို စောင့်ထိမ်းမည်ဖြစ်ပြီး လူတို့ ကိုယ်ကျင့်တရားပျက်လာလျှင် ဘုရားသခင်ကိုယ်
တိုင် ကမ္ဘာကြီးကို ဖျက်ဆီးလိမ့်မည်ဟု ယုံကြည်သည် ဗုဒ္ဒဘာသာတွင်မူ ထာသရ
ဘုရားသခင် ရှိသည်မရှိသည် ကမ္ဘာကြီး ဘယ်ကစသည်ဘယ်မှာပျက်မည် ဟုမဟော
ဗုဒ္ဒ၏ အလိုအရ ထိုကိစ္စများသည် နိဗ္ဗာန်ရောက်ကြောင်းတရား မဟုတ်သဖြင့် မဟောပြော
ဖြေရှင်းပြခြင်းမလုပ်ခဲ့ပေ။ထိုဖြစ်ပျက်သမျှကိစ္စများကို ဗုဒ္ဒသိထိုက်မည်ဟု ယုံကြည်ရ၏။
ကိုယ်ပိုင်ယုံကြည်မှုတွေအရ ကိုးကွယ်မှုတွေဟာ အားကိုးလွန်ခြင်းတွေ ဖြစ်သွားတက်ပါ
တယ် ကိစ္စတစ်ခုကို ဗုဒ္ဒဘာသာမှာတော့ မိမိကိုယ်သာလျှင် အားကိုးရမည်ဟု အတိအလင်း
ဟောကြားတော်မူခဲ့ပါတယ် ဖြစ်ချင်သော ဆန္ဒများကို ဘုရားသခင်ကို အားကိုး၍မရ
ကိုယ်တိုင်မလျှော့သောဇွဲနှင့် ကြိုးစားလျှင် ဘုရားပင်ဖြစ်နိုင်သေးသည်..အဘယ်သော်
ဘုရားသခင်သည်ပင်လျှင် လူသားစစ်စစ်ဖြစ်သောကြောင့်ပင်တည်း ကိုးကွယ်မှုတွင်လည်း
ကြောက်ခြင်းနှင့် အားကိုးရှာခြင်းတို့ တွင် ဗုဒ္ဒဘာသာတွင်မပါ ဗုဒ္ဒဘာသာတွင် သဒ္ဒါရှိသည်
သီလ ရှိသည် ဒါနရှိသည် သမာဓိရှိသည် အစစအရာရာကို ဝေဖန်ဆန်းစစ်နိုင်သော ပညာ
ရှိသည် ဘာသာအားလုံးကို ခြုံငုံ၍ သုံးသပ်ရလျှင် ဗုဒ္ဒဘာသာသည်သာမဇ္ဈိမအကျဆုံးဟု
တွေ့ ရပါတယ် ကာမဂုဏ်အာရုံကိုစွန်းကိုလည်းကောင်း ကျပ်တည်းပြင်းထန်လွန်းသော
အကျင့်များကိုလည်းကောင်း ကျင့်ကြံရန်မဟောခဲ့ပါဘူး ဗုဒ္ဒဘုရားရှင်ကိုယ်တော်မြတ်သော်
မှ မလျှော့မတင်း ဖြင့်စိုက်လိုက်မတ်တက် အားထုတ်ခဲ့သောကြောင့် အလုံးစုံကို သိမြင်တော်
မူသော သဗ္တညုတ ရွှေဥာဏ်တော်ကို ရရှိခဲ့ပါတယ် ဗုဒ္ဒဘုရားရှင်သည် အလုံးစုံကို သို့ လော
သို့ လော မတွေးဘဲ အမှန်တရားကို ကျင့်ကြံအားထုတ်သော စခန်းဖြင့်ပင် တရားကိုရှာခဲ့ရာ
၃၅ နှစ်ပြည့်သော နေ့ တွင် တရားထူးတရားမြတ်ဖြစ်သော သစ္စာလေးပါးကို ရရှိတော်မူခဲ့ပါတယ်
ဗုဒ္ဒဘုရားဟာ သူတွေ့ မြင်ထားတဲ့ တရားတော်တွေကို လှည့်
လည်ပြီး ဟောပြောခဲ့ပါတယ် မိစ္ဆာတ္ထိတွေကိုတော့ ဗုဒ္ဒဘုရားဟာ အတင်းလိုက်ပြီး
ဟောကြားတော်မမူခဲ့ပါဘူး သူတို့ ဟာ အစွန်းရောက်ကျင့်ကြံသူများ ဖြစ်ကြလို့ 
ဗုဒ္ဒဟောပြောမှုတွေကို လက္ခံမှုရှိမှာမဟုတ်ပါဘူး ပိုပြီး အကုသိုလ်တိုးပွားလာရုံ
ဘဲရှိပါတယ် ဒါပေမဲ့ ဘုရားသခင်ရဲ့ မေတ္တာတွေကို ဒေ၀ဒတ်သော်မှ နားလည်မှု
မရှိခဲ့ပါဘူး အဲ ဗုဒ္ဒဘုရားရဲ့ သဘောထားကြီးမြတ်မှုတွေကို နားလည်ပြီး ကိုးကွယ်
မှု ရှိလာတော့လည်း အခါနှောင်းသွားပါပြီ မြေမြိုနေတဲ့ အချိန်မှာသော်မှ ဘုရားသခင်
ကို အပြည့်အ၀ယုံကြည်ကိုးကွယ်မြှု့ဖင့် ကိုးကွယ်ခဲ့သော ကုသိုလ်ကြောင့် အ၀ီစိ
ငရဲက လွတ်တဲ့အချိန်မှာ ပစ္စေက ဗုဒ္ဒါ ဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးတော်မူပါတယ်
ဗုဒ္ဒဘုရားရှင်ဟာ ..........
သတ္တ၀ါတို့ ကျင်လည်ရာ
သံသရာတစ်လျောက်လုံးတွင် နိဗ္ဗါဏ်ဟူသော
ခရီးဆုံးကို မရောက်သေးခင်အထိ ဆင်းရဲစွာ
ချမ်းသာစွာဖြင့် ခရီးဆက်နေကြရမှာပါ
နိဗ္ဗါဏ်ကို မျက်မှောက်ပြုနိုင်မှသာ ဒီသံသရာ
ဆင်းရဲတွင်းကြီးမှ လွတ်မြောက်မှာ ဖြစ်ပါတယ်
ယ္ခုကြုံတွေ့ နေရသော ဆင်းရဲခြင်းများသည်
ဆင်းရဲခြင်း အတုသာဖြစ်ပါတယ် ကိုယ်ပြုသောကံ
ကို ထာဝရဘုရားမှ ကယ်တင်နိုင်ရန်ဆိုတာ မဖြစ်နိုင်ပါ
ဗုဒ္ဒဘုရားရှင်သည် လူသားအားလုံးကို တရားတော်များ
ဖြင့်သာ ကယ်တင်ခဲ့ခြင်းဖြစ်ပါတယ်
လူသားများ အားလုးံကို သစ္စာလေးပါးကို သိမြင်နိုင်ရန်
ဟောကြားတော်မူခဲ့ပါတယ် ……..
သစ္စာလေးပါး ........
(၁)ဒုက္ခသစ္စာ
(၂)သမုဒယ သစ္စာ
(၃)နိရောဓသစ္စာ
(၄) မဂ္ဂသစ္စာ
ကျွန်တော်တို့ တွေဟာ အခုအချိန်မှာ တွေဝေမနေဘဲ
တရားအားထုတ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်
ဘုန်းကြီးကျောင်းသွားပြီး တရားနာနေမှ မဟုတ်ပါဘူး
ဘယ်နေရာမှာဘဲဖြစ်ဖြစ် ဘယ်လိုပုံစံနဲ့ ဘဲဖြစ်ဖြစ်
တရားအားထုတ်နိုင်ပါတယ် အဓိကကျသည်မှာ
မြတ်စွာဘုရားသခင်၏ တရားတော်များကို လေးလေးနက်နက်
နှင့် နှလုံးသွင်းနိုင်ရန်သာ အရေးကြီးတယ်လို့ ကျွန်တော်ထင်မိ
ပါကြောင်း……..
ဘာပဲဖြစ်ဖြစ် သေရန်တစ်ရက်နီးလာတယ်ဆိုတာ…………….
်မှတ်ချက်အချို့ စာသားများသည် ကျွန်တော်၏ ယူဆချက်များကို
ဖော်ပြထားသဖြင့် စာဖတ်သူအနေဖြင့် အကြောင်းအရာ
များကို စုံစုံလင်လင်သိရှိပါ လျှင် ကျွန်တော့်ကို ဆုံးမပေး
စေချင်ပါသည်။
အချို့ စာသားများသည် ဗုဒ္ဒဘာသာ အကြောင်းစာအုပ်ထဲ
မှ ဖော်ပြချက်များဖြစ်ပါသည်။ ။
လေးစားစွာဖြင့်........

1 comment:

Anonymous said...

ကြိုက်တယ်ဗျာ......ကြိုက်တယ်ဆိုတာထက်ကိုနှလုံးသွင်းဖတ်ရှုသွားပါတယ်ဗျား.....ကူးယူပြီးလည်းကျွန်တော.ဘလော.မှာနာမည်နဲ.တကွတင်ချင်ပါတယ်..