ကျွန်တော့်ကို ကျွန်တော်မိတ်ဆက်ပေးရရင် ရီစရာတော့ကောင်းလိမ့်မယ်ဗျ သိလား ဘာမှမဟုတ်တဲ့ ကောင်လို့ တော့မဟုတ်ပါဘူး ကျောင်းလည်းပြီးအောင်မတက်ဘူး အခုလည်း အလုပ်လုပ်နေရတယ် တစ်ရက်တစ်ရက်...
မိုးလင်းကနေမိုးချုပ်ထိ အလုပ်ထဲမှာဘဲ နှစ်နေရတာ အလုပ်ဆိုတာကလည်း လုပ်နေမှတော်ကာကျတာ ဒီနေ့ဗျာ 3.6.08 ရက် အလုပ်ကိုအသွား ခါးပိုက်နှိုက်ခံလိုက်ရလို့ တော်တော်ညစ်သွားတယ်...
ဟုတ်တယ်ဗျာ ၁ ရက်နေ့ ကမှ လခထုတ်ထားတာ ပိုက်ဆံလေး နည်းနည်းလေးကို ခါးပိုက်နှိုက်ခံလိုက်
ရတာ တော်တော်တော့ ရီဖို့ ကောင်းတယ် သင်တန်းတက်မလို့ ပါ အဲဒါအခုတော့ မတက်ဖြစ်တော့
ူဘူးပေါ့ဗျာ ကံကောင်းတယ်ဗျ ကျွန်တော် တော်တော်ကံကောင်းတယ် အခုလက်ရှိကို ဆရာတက်တိုး
ရဲ့ သောကဖြေဖျောက်နည်းစာအုပ်ဖတ်နေလို့ ပေါ့ နို့ မို့ ဆိုရင်မလွယ်ဘူး မျက်ရည်တွေ ထန်းသီးလုံး
လောက်ကျမိမယ်ထင်ပါရဲ့ အခုတော့ နေသာထိုင်သာရှိပါတယ် ဟဲဟဲ
Tuesday, June 3, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment