မသေသူလား+သေသူလား
ကုသိုလ်ကောင်းမှုမှာ--
- မမေ့မလျော့ခြင်း သတိတရားဟာ မသေရာနိဗ္ဗာန်ရောက်ကြောင်း
အကျင့်ကောင်းဖြစ်တယ်
(မသေဆုံးကြောင်းတရားကောင်းဖြစ်တယ်)။ - မေ့လျော့ပေါ့ဆနေခြင်းဟာ သေဆုံးရခြင်း
(သေလို့ မဆုံးခြင်း အကြောင်းအရင်းဖြစ်တယ်)။
မမေ့မလျော့ မပေါ့မဆနေထိုင်ကြသူတွေဟာ မကြာမီဘ၀ မဂ်ဖိုလ်ရမှာဖြစ်တဲ့အတွက်
မသေကြသူတွေဖြစ်တယ် (အသေဆုံးတော့မည့် လူတွေဖြစ်တယ်)။
မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေကြသူတွေဟာ မသေအရပ် အသေထပ်သူတွေ
ဖြစ်တယ် သေနေတဲ့ လူတွေနဲ့ တူကြတယ် (သေနေသူဖြစ်တယ်)။
မေ့နေသူဟာ အသက်တစ်ရာရှည်ပေမဲ့ သေသူဖြစ်တယ် မမေ့သူဟာ သေပေမဲ့
မသေသူဖြစ်တယ်.......
မမေ့သူဟာ မသေသူ.........
မေ့နေသူကတော့ သေသူ။
သင် - မသေသူလား?
- သေသူလား?
No comments:
Post a Comment