Thursday, June 5, 2008

ဗုဒ္ဒ(အနှိုင်းမဲ့ သိမြင်တော်မူသော)


ကျွန်တော် ဒီနေ့ တော့ ကျွန်တော်တို့ ဗုဒ္ဒဘာသာလူမျိုးတိုင်း သိသင့်တဲ့ အချက်လေးတွေ
ကို ရေးလိုက်ပါတယ် ကျွန်တော်တွေ့ နေရတယ်ဗျ ကျွန်တော်တို့  ဗုဒ္ဒဘာသာလူမျိုးတွေမှာ
အဖေနဲ့ အမေက ဗုဒ္ဒဘာသာမို့  သားသမီးတွေက အော်တို မိရိုးဖလာဗုဒ္ဒဘာသာဝင်တွေ
ဖြစ်သွားကြတာ ဒုနဲ့ ဒေးပါ။ ဗုဒ္ဒဘာသာရဲ့ ကောင်းကျိုးတွေကို သူတို့ တွေ ရေရေလည်လည်
မသိကြပါဘူး အရမ်းဝမ်းနည်းစရာကောင်းပါတယ် တစ်ကယ်လို့ သာ အခြားဘာသာဝင်တစ်
ယောက်ကများ ကိုယ့်ကို ဗုဒ္ဒဘာသာအကြောင်းရှင်းပြပါလားလို့  မေးလာရင်တောင်မှ မဖြေ
နိုင်ရင် ကျွန်တော်တို့  ဗုဒ္ဒဘာသာဝင်တွေကို တလွဲကိုးကွယ်တယ်လို့  ထင်သွားနိုင်ပါတယ်
ဒါကြောင့် ကျွန်တော်တို့ တွေ ဗုဒ္ဒဘာသာကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာသင့်ပါတယ်
ဒါဟာ ကောင်းတဲ့အလေ့အထတစ်ခုပါ အလှုတွေထဲမှာ တရားအလှုဟာ ကုသိုလ်အရဆုံးပါဘဲ
ဒီလိုမျိုး တရားအလှုကို လှုရအောင်လည်း ကိုယ်ကိုးကွယ်တဲ့ ဘာသာအကြောင်းကို ခရေစေ့
တွင်းကျ သိနေဖို့ လိုပါလိမ့်မယ် ကျွန်တော်အခုရေးသားထားတာတွေဟာ God Question
Good Answer အင်္ဂလိပ်စာအုပ်ကနေ တစ်ဆင့်ကောင်းတာလေးတွေကို ဖော်ပြထားခြင်းပါ

ဗုဒ္ဒဘာသာဆိုတာ ဘာလဲ


ဗုဒ္ဒဘာသာ ဆိုတဲ့ စကားလုံးဟာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာသူ
လို့ အဓိပါယ်ရပါတယ် ဂေါတမနွယ်ဖွား သိဒ္ဒတ မင်းသားကနေ ဘုရားဖြစ်လာတော့ သက်
တော် ၃၅ နှစ်ရှိနေပါပြီ ဗုဒ္ဒရှင်တော်မြတ်ဟာ အိပ်ပျော်ခြင်းမှ နိုးလာပြီး ဘုရားအဖြစ်ကိုရောက်
ရှိခဲ့ပါတယ် အခုဆိုရင် ဗုဒ္ဒဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျောင် ကြာမြင့်ခဲ့ပြီး ဗုဒ္ဒဘာသာဝင်
ပေါင်း သန်းသုံးကျော် ရှိနေပါပြီ ဗုဒ္ဒဘာသာကို အတွေးအမြင်ပညာလို့ ပြောကြပါတယ်
ဗုဒ္ဒဘာသာဟာ မြင့်မြတ်သောအတွေးအမြင် ပညာဖြစ်ပါတယ် ဗုဒ္ဒဘာသာတရားက သဘာ
ဝတရားကို ကြည်လင်ပြတ်သားစွာ ကျွနုပ်တို့ နားလည်နိုင်ရေးအတွက် အပြည့်စုံဆုံး
ညဏ်ပညာ အရည်အသွေး တိုးတက်အောင်ကြိုးစားဖို့ သင်ပေးပါတယ် ပြီးတော့သတ္တ၀ါ
အားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာကရုဏာတရား တိုးပွားအောင် သင်ပေး
ခြင်းဖြစ်ပါတယ် ဗုဒ္ဒဘုရားက ခရစ်တော်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း
(ကပိလ၀တ်ပြည်) ဘုရင်သုဒ္ဒေါနနှင့် မိဘုရား မယ်တော်မာယာ တို့ မှဖွားမြင်ပါတယ်
သိဒ္ဒတ္ထမင်းသားလေးဟာ စည်းစိမ်ဥစာ ပြည့်ပြည့်စုံစုံနဲ့  ကြီးပြင်းလာရသော်လည်း နောက်ဆုံး
မှာ အဲဒါတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့ လာရပါတယ် မင်းသားဟာ
သူ့ ပတ်ဝန်းကျင်မှာ တွေ့ မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာ
ဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖွေမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်
အသက် ၂၉ နှစ်အရွယ်မှာ တောထွက်ခဲ့ပြီး သူ့ ရဲ့ကြင်ယာတော် ယသော်ဓရာ နှင့် သားတော်
ရာဟုလာတို့ ကို သံယောဇဉ် ဖြတ်ခဲ့ရပါတယ် မင်းသားဟာ ဥရုဝေလတောထဲမှာ ခြောက်နှစ်
တိုင်အောင် လေ့လာပွားများပြီး အ၀ိဇ္ဖာကို ပယ်ခွာနိုင်တဲ့အတွက် အမှန်တရားကို ထိုးထွင်းသိ
မြင်သွားပါတယ် အဲဒီအချိန်ကစပြီး ကိလေသာခြင်းဟူသောအိပ်ပျော်ခြင်းမှ နိုးလာသူ ဗုဒ္ဒ ဟု
ခေါ်ဝေါ်ခဲ့ကြပါတယ် ဗုဒ္ဒဘုရားဟာ အဲဒီအချိန်ကစပြီး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့ 
သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြောခဲ့ပါတယ် သက်တော် ရှစ်ဆယ်ပြည့်
တော်မူတဲ့အခါ သဘာဝအလျောက်အိုခြင်းတရား နာခြင်းတရား ဖိစီးနှိပ်စက် ခံရသော်လည်း
ချမ်းမြေ့ အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗာန်ဝင် စံတော်မူခဲ့ပါတယ်
ဗုဒ္ဒဘုရားဟာ သူ့ ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့လို့ တာဝန်မဲ့ရာမရောက်ပါဘူး
ဗုဒ္ဒဘုရားဟာ သူ့ ရဲ့ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ခဲ့တာမဟုတ်ပါဘူး
တွန့် ဆုတ် တွန့် ဆုတ်ဖြစ်နေပါသေးတယ် နောက်ဆုံးမှာ သူ့ မိသားစုကို ပြုစုစောင့် ရှောက်
တာထက် တစ်လောကလုံးကို ပြုစုစောင့်ရှောက်တာဟာ ပိုပြီး အကျိုးကြီးမားတယ်လို့ ဆုံးဖြတ်
ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါ ဗုဒ္ဒမြတ်စွာဘုရားရှင်ရဲ့ ကိုယ်ကျိုးစွန့် ပြီး အဆင်းရဲအပင်
ပန်းခံခဲ့မှုကြောင့် တစ်လောကလုံး ကြီးမားတဲ့အကျိုးကို အခုတိုင်ခံစားနေကြရတာ ဖြစ်ပါတယ်
ဒါဟာ အကြီးမားဆုံးသော စွန့် လွှတ်မှုကြီးပါဘဲ
ဗုဒ္ဒဘုရားဟာ ထာဝရဘုရားမဟုတ်ပါဘူး ဘုရားရဲ့သားတော်လည်း မဟုတ်ပါဘူး
ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လည်းမဟုတ်ပါဘူး ဗုဒ္ဒဘုရားဟာ အားလုံး
ပြည့်စုံတဲ့ လူသားတစ်ဦးပါပဲ ဒါ့ကြောင့်ကျွန်ုပ်တို့ လည်း ကြိုးစားရင် သူ့ လိုဘဲ အလုံးစုံ
ပြည့်စုံသူများ ဖြစ်နိုင်ပါတယ် လို့  မိန့် ကြားတော်မူခဲ့ပါတယ်
တင်ပျည်ခွေထိုင်ပြီး ရင်ခွင်ထက်မှာလက်နှစ်ဘက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဒရုပ်ပွားတော်ရဲ့
မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ ရဲ့ သန္တန်မှာ
ငြိမ်းအေးမှုနဲ့  မေတ္တာတရားကို တိုးပွားအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ ကို သတိပေးနေခြင်းဖြစ်
ပါတယ် အကြောင်းသက်သက်ရုပ်ထုကို ကိုးကွယ်နေကြချင်းမဟုတ်ပါ ဆီမီးကတော့ ပညာ
ဆီမီးတန်ဆောင် ထွန်းပြောင်နေဖို့ အတိပေးနေပါတယ် အမွှေးတိုင်ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ 
ကောင်းမှုကုသိုလ်တွေ ပျံ့ နှုံ့စေဖို့ သတိပေးနေပါတယ် ကပ်လှုထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေ
ကျသွားတဲ့သဘောကတော့ ကျွန်တော်တို့ အားလုံးအနိစ္စ တရားကို သတိရစေပါတယ်
ဒါဟာကျွန်တော်တို့ ဗုဒ္ဒဘာသာတွေရဲ့ ကိုးကွယ်မှုပါ ကိလေသာရောဂါ အဖိစီး နှိပ်စက်ခံနေရ
သူသည် မြတ်စွာဘုရား၏ တရားတော်များရှိလျက်နှင့် တရားဆေးဖြင့် မကုလျှင် မြတ်စွာဘုရား
၏ အပြစ်မဟုတ်ပါဘူး အခုဆိုရင်ဗုဒ္ဒဘာသာတွေဟာ အမျိုးမျိုးကွဲပြားနေကြပါတယ် ဒါပေမဲ့
အားလုံးရဲ့ အနှစ်သာရကတော့ ကိလေသာမှ လွက်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါဘဲ
ကျွန်တော်တို့ ဟာ ဒုက္ခသစ္စာ သမုဒယ သစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာ တွေကို လေးလေး
နက်နက်သိဖို့  လိုပါတယ် ဒီနေရာမှာ ဗုဒ္ဒမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက
ကျွန်ုပ်တို့ ဟာ ဘယ်အရာကိုမဆို အရမ်းယုံ အကန်းယုံ မယုံမိကြစေဖို့  မေးမြန်းစုံစမ်း
စစ်ဆေး စမ်းသပ်ပြီးမှ ကိုယ်တိုင်တွေ့ သိခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီးမှ ယုံကြဖို့ပါဘဲ

ရှင်တော်မြတ်ဘုရား ဆုံးမပုံက___



  • ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့်။
  • အစဉ်အဆက် ယုံကြည်လက်ခံလာတာ ဖြစ်ယုံနှုင့် မယုံကြည်ပါနှင့်။
  • သတင်းကြားနဲ့ လဲ မယုံကြည်ပါနှင့်။
  • မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့ လဲ မယုံကြည်ပါနှင့်။
  • တဆင့် စကားကြားယုံမျှနှင့်လည်း မယုံကြည်ပါနှင့် ။
  • စဉ်းစားတွေးခေါ်ရေး ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်။
  • ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ယုံမျှနှင့်လဲ မယုံကြည်ပါနှင့်
  • မိမိဆရာ ဖြစ်ယုံနှင့်လဲ မယုံကြည်ပါနှင့်
  • သင်ကိုယ်တိုင် ကောင်းတဲ့အရာဘဲ အပြစ်ကင်းတဲ့အရာဘဲ ပညာရှိတို့  ချီးမွမ်းအပ်တဲ့
  • အရာဘဲ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့
  • ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည်လက်ခံလိုက်နာ ကျင့်ကြံပါ။

လို့ ဟောကြားတော်မူခဲ့ပါတယ်...................

့ အထက်အကြောင်းအရာများကို အပြည့်အစုံသိချင်ကြရင် ဒီမှာ ဒေါင်းလုပ်ရယူပါရန်။


No comments: